ရေးရဲစခန်းတွင် အချုပ်သားများမှ ရဲသေနတ်ကိုလုယုကာ ပစ်ခတ်ထွက်ပြေး၍ ဒုရဲအုပ်အပါအဝင် သုံးဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးရဲစခန်းတွင် အချုပ်သားများမှ ရဲသေနတ်ကိုလုယုကာ ပစ်ခတ်ထွက်ပြေး၍ ဒုရဲအုပ်အပါအဝင် သုံးဦးသေဆုံး


ရေး၊ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်၊ ရေးမြို့ရဲစခန်းတွင် အချုပ်သားများမှ ရဲသေနတ်ကို လုယုကာ ပစ်ခတ်ထွက်ပြေး၍ ဒုရဲအုပ်အပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ရဲအုပ် နိုင်လွင်ဦး ဦးစီးသည့်အဖွဲ့မှာ အချုပ်သားများထံသို့ ထမင်းပုံးများ ပေးအပ်စဉ် အချုပ်ခန်းအတွင်းရှိ အချုပ်သားများမှ ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ထံမှ လက်နက်များအား လုယူခဲ့ပြီးနောက် အချုပ်သား လေးဦးမှာ စခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားသည်။

ထို့နောက် အချုပ်ခန်းအတွင်းရှိ အချုပ်သားများမှ ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်များအား လုယူ၍ ခုခံပစ်ခတ်ရာ ဒုရဲအုပ် နိုင်လွင်ဦး ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့မှာ အချုပ်ခန်းအတွင်း၌ သေဆုံးခဲ့သည်။

ထို့ပြင် မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးမှာ ယာဘက်ရင်အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ရေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အချုပ်ခန်းအတွင်း အချုပ်သားများကို ပိတ်ဆို့ရှင်းလင်းရာ နေလည် ၁၂ နာရီခွဲ အချိန်ခန့်၌ မြို့မရဲစခန်းအတွင်းရှိ ခုခံပစ်ခတ်နေသည့် အချုပ်သားများမှ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများကိုလည်း ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ရာမညတိုင်းမ် သတင်းဌာနမှ ဖော်ပြထားသည်။ 


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)