ပြည်ပမှစက်သုံးဆီနှင့် စားအုန်းဆီတင်သင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပမှစက်သုံးဆီနှင့် စားအုန်းဆီတင်သင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိ





နေပြည်တော်၊ ဖေဖော်ဝါရီ ၆

ပြည်ပမှစက်သုံးဆီနှင့် စားအုန်းဆီတင်သင်္ဘောများ ကြိုတင်စီမံထားသည့်အတိုင်း စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိသဖြင့် ပြည်တွင်းသုံးစွဲမှု လုံလောက်သည့်အပြင် အရန်ဆီများ ကြိုတင် သိုလှောင်ထားရှိပြီး ရောင်းဈေးနှုန်းသည်လည်း ယခင်ထက် လျော့နည်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

လက်ရှိတွင် သီလဝါရှိ ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင် သင်္ဘောခြောက်စင်း၊ ပင်လယ်ဝတွင် သင်္ဘောသုံးစင်း ရောက်ရှိပြီဖြစ်ပြီး လမ်းခရီးတွင် သင်္ဘောတစ်စင်းနှင့် ပြည်ပနိုင်ငံတွင် စက်သုံးဆီ တင်ဆောင်နေသော သင်္ဘော ၁၀ စင်း အသင့် ဖြစ်နေပြီဖြစ်ကာ ဖေဖော်ဝါရီလအတွင်း သင်္ဘော ၂၉ စင်းဖြင့် စဉ်ဆက်မပြတ်တင်သွင်းရန် ကြိုတင် စီမံဆောင်ရွက်ထားကြောင်း အဆိုပါကော်မတီမှ သိရသည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရန်အတွက် နေ့စဉ်သုံးစွဲမှု ပမာဏအပြင် အရန်ဆီအနေဖြင့် တစ်လစာခန့် တင်သွင်းသိုလှောင်ထားရှိပြီး သီလဝါမှ နိုင်ငံအဝှမ်း သို့ လုံလောက်သော ဆီတင်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းဖြန့်ဖြူးရောင်းချပေးနေကာ ဒေသအသီးသီးရှိ ပြည်သူများသည် စက်သုံးဆီ ပြတ်လပ်မှုမရှိဘဲ လိုအပ်သည့်နေရာတွင် လိုအပ်သည့် ပမာဏကို လွယ်ကူအဆင်ပြေချောမွေ့စွာ ဝယ်ယူ သုံးစွဲနိုင်ရန် စီမံထားရှိသည့်အတွက် စက်သုံးဆီ ဈေးနှုန်းများသည်လည်း ယခင်ကထက် တစ်လီတာ လျှင် ၈၅ ကျပ်မှ ၁၁၅ ကျပ်အထိ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း သိရသည်။

အလားတူ စားအုန်းဆီဈေးနှုန်းသည် ယခင် တစ်ပိဿာ ရည်ညွှန်းဈေးနှုန်း ငွေကျပ် ၇၂၈၀ မှ ယခု အပတ်တွင် ၇၁၆၅ ကျပ်အထိ ဆက်တိုက်ကျဆင်း လျက်ရှိပြီး နိုင်ငံတကာဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် သတ်မှတ်ရောင်းချပေးမည် ဖြစ်သည့် အပြင် ရန်ကုန်ဆီကန် အထိုင်ရည်ညွှန်းဈေးနှုန်းကိုလည်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။ 


#News #MNP 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)