Pages

Pages

(၇၈) ကြိမ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနား ကျင်းပ







မှော်ဘီ၊ ဖေဖော်ဝါရီ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးဝန်းအတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂)ဦးဝင်းစိုးမှ အမှတ်ပေးစည်းကမ်းချက်များအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲစတင်ခဲ့သည်။

အဆိုပါထမနဲထိုးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်(၁၆)ဖွဲ့က ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသောအဖွဲ့များအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး ထမနဲထိုး ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစုစုစံနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သဲနုဝေနှင့်အဖွဲ့ဝင်များ၊မြို့နယ်မိ ခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတက် ရောက်ခဲ့ကြောင်း သိရသည်။


ကောင်းမြတ်သူ(မှော်ဘီ)

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق