တောင်တွင်းကြီးမြို့နယ်တွင်ကျင်းပသည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီဦးတင့်လွင် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင်ကျင်းပသည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီဦးတင့်လွင် တက်ရောက်







တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ရန်ပယ်အားကစားကွင်း၌ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်အနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ စုံညီစွာတက်ရောက်ခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင်၊ တောင်တွင်းကြီးမြို့နယ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ တောင်တွင်းကြီးမြို့နယ် အရှိုချင်းစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းသန်းဋ္ဌေးတို့က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်အား ရန်ပယ်အားကစားခန်းမတွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရီပျံချီဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူးက ပေးပို့သော (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာအား မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်ကဖတ်ကြားခဲ့သည်။ ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္ထရာမြို့နယ်မြို့နယ်တို့မှ အရှိုချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှဝန်ထမ်းများက မြူဆူနွတ်၊ ချစ်တဲ့ချင်းတောင်တန်းမြေ၊ ချစ်တဲ့တောင်တန်းမြေ၊ ချစ်တောင်တန်းမှကြိုဆိုပါ၏၊ အောက်ချင်းငှက်အက၊ ပိုင်ပိုင်ယော့ပချိုင်းယော့၊ စည်းလုံးချင်းအတွက်သီချင်းတစ်ပုဒ်၊ လက်တီးစသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


နောင်နောင် (ဗိဿနိုးမြေ)

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)