မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ တည်ထားကိုးကွယ်တော်မူသော ဘုရား၊ စေတီပုထိုးများနှင့် ရှေးဟောင်းသာသနိက အဆောက်အအဦများ အသစ်တစ်ဖန် ဘက်စုံပြန်လည်မွမ်းမံထားမှုအတွက် စုပေါင်းရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ တည်ထားကိုးကွယ်တော်မူသော ဘုရား၊ စေတီပုထိုးများနှင့် ရှေးဟောင်းသာသနိက အဆောက်အအဦများ အသစ်တစ်ဖန် ဘက်စုံပြန်လည်မွမ်းမံထားမှုအတွက် စုပေါင်းရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ








မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ်အတွင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦးများတွင် ရှေးဟောင်းလက်ရာမူများ မပျက်စေရေးနှင့်၊ သန့်ရှင်းသပ်ရပ်၍ သာယာလှပမှုရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ နတ်မှော်စာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော်ဘုရား၊ စေတီပုထိုးများနှင့် ရှေးဟောင်းသာသနိက အဆောက်အအဦးများ အသစ်တစ်ဖန်ဘက်စုံ ပြန်လည်မွမ်းမံထားမှုအတွက် စုပေါင်းရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နတ်မှော်ကျောင်းဆရာတော်အား ဖူးမြှော်ကြည်ညို၍ အလှူငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ နတ်မှော်စာသင်တိုက်အတွင်း အသစ်တည်ထားကိုးကွယ်အပ်သော ‘ကောင်းမှုတော်စေတီတော်” နှင့် ကျောင်းမုခ်ဦး၊ စတီးတံခါး၊ ပညာဒီပကျောင်းဆောင်နှင့် မေတ္တာဒီပဘောဇနကျောင်းဆောင်၊ ကျောင်းဝန်းအတွင်း ကွန်ကရစ်ခင်းခြင်း၊ ရှေးနှစ်ပေါင်းများစွာက ဆောက်လုပ်လှူဒါန်းထားခဲ့သည့် ရှေးဟောင်းစေတီတော်၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမျှော်ကြည်ညို၍ ရှေးဟောင်းသာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


စည်သူ 

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)