ဒုတိယဝန်ကြီးဦးဝင်းဖေ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်ကုန်တိုင်းဒေသကြီး သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီးဦးဝင်းဖေ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်ကုန်တိုင်းဒေသကြီး သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းအား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည့် တာဝန်ရှိသူများနှင့်အတူ ၁၄-၂-၂၀၂၅ ရက်နေ့က ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) သို့ ရောက်ရှိပြီး ဘဏ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက် ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အစည်းအဝေးသို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုး၊ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာ၊ အင်ဂျင်နီယာမှူးကြီး ဒေါ်ခင်သီသီ၊ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုး‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် စီမံကိန်းမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက စီမံကိန်းတာဝန်ရှိသူများအနေဖြင့် အမှန်တကယ် ပြီးစီးနိုင်သည့် အဆောက်အအုံများ၏ စာရင်းကိုသာ တင်ပြရန်လိုကြောင်း၊ ဆောင်ရွက်ရန်ကျန် အဆောက်အအုံ ၁၇ လုံး အနက် ၁၂ လုံးကိုမတ်လအတွင်း အပြီးဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အအုံများပြီးစီးပါက အခန်းနေရာချထားနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ခင်သီသီက အိမ်ရာစီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ပြီးစီးရမည့်နေ့ရက်များ၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများနှင့် မြေညီထပ်အခန်းဖွဲ့ကာရန်ခြင်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က အိမ်ခန်းနေရာ ချထားပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်မှ တာဝန်ရှိသူများက အိမ်ရာတည် ဆောက်ပြီးစီးမှုအခြေအနေနှင့် လုပ်ငန်းအခက်အခဲများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက အိမ်ရာစီမံကိန်းဆိုင်ရာ အခြေအနေများအား ဖြည့်စွက် ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။


#MNP #News

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)