တောင်တွင်းကြီးမြို့နယ်၌ G-1 ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေးခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်၌ G-1 ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေးခြင်း ဆောင်ရွက်







တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် G-1 ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျောင်းတွင်းအာဟာရ ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ ကလေးငယ်များအား တာဝန်ရှိသူများက ရှင်းလင်းအသိပညာပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးလှသောင်း၊ ဒုမြို့နယ်ပညာရေးမှူး ဆရာကြီးဦးနိုင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြိုန့ယ်ပြည်သူဆေးရုံကြီးမှ သူနာပြု ဆရာ၊ ဆရာမများက အာဟာရကျွေးမွေးခြင်း လုပ်ငန်းဆောင်ရွက်နေသည်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် တောင်တွင်းကြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၅၃) ကျောင်းရှိ G-1 ကျောင်းသား/သူများအား ထမင်း၊ ကြက်သား၊ အာလူး၊ ပဲဟင်းနှင့် ငှက်ပျောသီးတို့ဖြင့် အာဟာရမျှတစွာ ပထမအကြိမ် ချက်ပြုတ်ပြင်ဆင် အသိပညာပေးကျွေးမွေးခဲ့ကြကြောင်း သိရသည်။


နောင်နောင် (ဗိဿနိုးမြေ)

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)