မော်လမြိုင်ကျွန်းမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများဆောင်ရွက်


မော်လမြိုင်ကျွန်း၊ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (School Meal) ကျွေးမွေးခြင်းများကို ပထမအကြိမ် (၁၄)လမ်းကျောင်း၌လည်းကောင်း၊ ဒုတိယအကြိမ်ကို အ.လ.က(တောရ)နှင့် အ.မ.က (ချမ်းမြေ့) တို့၌လည်းကောင်း၊ ယနေ့နံနက်(၁၁)နာရီအချိန်က တတိယအကြိမ် အ.မ.က (မင်းကျောင်း) နှင့် အ.လ.က (အောင်သုခ)ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်လျက်ရှိသည့် အ.မ.က မင်းကျောင်းနှင့် အ.လ.က(အောင်သုခ) ကျောင်းများရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၆)ဦးအား ကြက်သားဟင်း၊ ပဲဟင်း၊ မြေပဲကြော်နှင့် ထမင်းတို့ကို ကျွေးမွေးဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းတို့က တက်ရောက်ခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ အဆိုပါကျွေးမွေးပွဲတွင် အာဟာရကျွေးမွေးခြင်းအပြင် တန်ဖိုးသင့်၍ သန့်ရှင်းပြီးအာဟာရပြည့်ဝသော အစားအစာချက်ပြုတ်နည်းနှင့် အစားမစားမီ စနစ်တကျ လက်ဆေးခြင်းနည်းလမ်းများကို လက်တွေ့အသိပညာပေး သရုပ်ပြဆောင်ရွက်ခဲ့ပါသည်။

ထို့နောက်မော်လမြိုင်ကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်း(၃၇၇)ကျောင်းရှိပြီး KG ကျောင်းသား/သူ (၅၁၉၈)ဦးရှိရာ ကျန်ရှိနေသေးသော ကျာင်းသား/သူများအား ဖေဖော်ဝါရီလ (ပထမပတ်)တွင် ကျောင်းတွင်းအစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ရဲကိုမောင် 

#News #MNP 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)