ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၈၀)မှ KG ကျောင်းသား၊ ကျောင်းသူ(၄၄၁၃)ဦးတို့အား ကျောင်းတွင်းနေ့လယ်စာ အဟာရကျွေးမွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၈၀)မှ KG ကျောင်းသား၊ ကျောင်းသူ(၄၄၁၃)ဦးတို့အား ကျောင်းတွင်းနေ့လယ်စာ အဟာရကျွေးမွေး






ကျောက်ပန်းတောင်း၊ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ တတိယအကြိမ်အဖြစ် KG ကလေးငယ်များအား နေ့လယ်စာ ကျောင်းတွင်း အဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၈၀)မှ KG တန်းကျောင်းသား၊ ကျောင်းသူ (၄၄၁၃)ဦးတို့အား ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း နေ့လယ်စာ အဟာရကျွေးမွေးခြင်းဖြစ်ပြီး၊ အဆိုပါ အဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မီမီသက် ဦးဆောင်သည့်  ကျောင်းကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့လှိုင်နှင့် ဆရာ/ဆရာမများက မြို့ရှေ့အခြေခံပညာ အထက်တန်းကျောင်းရှိ KG တန်း ကျောင်းသား/ကျောင်းသူ(၇၁)ဦး တို့ကို ထမင်း၊ ကြက်သားဟင်း၊ ပဲဝါလေးချက်ဟင်း၊ ကန်ဇွန်းရွက်ကြော်တို့ဖြင့် နေ့လယ်စာအဟာရ ကျွေးမွေးကြသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်သည့် KG ကလေးငယ်များအား ကျောင်းတွင်း အဟာရကျွေးမွေးခြင်းကို၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်(၂)ကြိမ်နှင့် ဖေဖော်ဝါရီလတွင် (၁)ကြိမ် စုစုပေါင်း (၃)ကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


နေအောင်

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)