နေပြည်တော်အတွင်း MSME လုပ်ငန်းရှင်များ ဈေးကွက်ချိတ်ဆက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်အတွင်း MSME လုပ်ငန်းရှင်များ ဈေးကွက်ချိတ်ဆက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက် ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း  MSME လုပ်ငန်းရှင်များ ဈေးကွက်ချိတ်ဆက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၂) တွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီဝင်များ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်သို့ ကျယ်ပြန့်စွာချိတ်ဆက်နိုင်ရေး သက်ဆိုင်ရာအေဂျင်စီများနှင့် စနစ်တကျ ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်‌ကြောင်း၊ ဒေသထွက်ကုန် ကုန်ကြမ်းများမှ ကုန်ချောအဆင့်သို့ ထုတ်လုပ်နိုင်သည်အထိ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာဖလှယ်ခြင်း၊ မျှဝေခြင်းများကိုလည်း အားပေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စားသောက်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးကို အထောက်အကူပြုသည့် တစ်ပိုင်တစ်နိုင်ထုတ်ကုန်များ ဈေးကွက်ချိတ်ဆက်နိုင်ရေး နိုင်ငံတော်အစိုးရမှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်အဆင့် MSME ထုတ်ကုန် ပြပွဲ/ပြိုင်ပွဲများ ဆက်လက်ကျင်းပနိုင်ရေး သက်ဆိုင်ရာ ဆပ်ကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဦးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း MSME လုပ်ငန်းရှင်များ ဈေးကွက်ချိတ်ဆက်နိုင်ရေးနှင့်ပတ်သတ်သည့် အစီအမံများနှင့် ဆက်လက်လုပ်ဆောင်မည့်  အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


အောင်သူရဦး

#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)