National AI Strategy & National AI Policy (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာစတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

National AI Strategy & National AI Policy (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာစတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည့် National AI Strategy နှင့် National AI Policy (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်း၌ ဉာဏ်ရည်တုနည်းပညာ (Artificial intelligence-AI) သည် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းတွင် လျင်မြန်စွာတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံတွင်လည်း ဉာဏ်ရည်တုနည်းပညာ (AI) ကို နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ နိုင်ငံသားများ လိုက်နာရမည့်ကျင့်ဝတ်များ၊ စံနှုန်းများ၊ စည်းမျဉ်းများကို လွှမ်းခြုံသိရှိစေရန်၊ ဒေသတွင်းဉာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး နိုင်ငံတကာနှင့်ချိတ်ဆက်၍ စနစ်တကျဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မူဝါဒကိုရေးဆွဲရခြင်းဖြစ်ကြောင်း၊ ဉာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် National AI Strategy & National AI Policy (မူကြမ်း) ရေးဆွဲရေးအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ပညာရှင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ နေပြည်တော် MSME Agency ၊ မြန်မာနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့မှဥက္ကဋ္ဌများ၊ ပညာရှင်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)