ဖေဖော်ဝါရီ - ၁၁ ( အင်္ဂါနေ့ )
ကမ္ဘာထိပ်တန်း AI (ဉာဏ်ရည်တု ) ကုမ္ပဏီဖြစ်တဲ့ Open AI ကို ကမ္ဘာသူဌေးကြီး အီလွန်မက်စ်က ၉၇.၅ ဘီလီယံနဲ့ ဈေးဖွင့်ပြီး ဝယ်မယ်လို့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ သူက လူသားများရဲ့အကျိုးစီးပွားကို နည်းပညာနဲ့ အထောက်အကူဖြစ်စေအောင်လို့ Open AI ကိုဝယ်ပြီး အဆင့်မြှင့် တိုးတက်အောင်လုပ်သွားမယ်လို့ ဆိုပါတယ်။
Open AI ဘုတ်အဖွဲ့ကို သူက မနေ့က ကမ်းလှမ်းလိုက်တာဖြစ်ပြီး Open AI ကို အကောင်းဆုံးလည်ပတ်နိုင်ဖို့ အတွက် အမြတ်အစွန်းရအောင် လုပ်သွားမယ်လို့လည်း ပြောပါတယ်။ Open AI အမှုဆောင်အရာရှိချုပ် ဆမ်အော်တမန် က မက်စ်ရဲ့ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး မက်စ်ပိုင်တဲ့ X ဆိုရှယ်မီဒီယာကို ၉၇ ဘီလီယံနဲ့ပြန်ဝယ်မယ် ရောင်းမလားလို့ ပြန်ပြီး လှောင်ပြောင်လိုက်ပါတယ်။ မက်စ်ကလည်း အဲ့ဒါကိုတုံ့ပြန်တဲ့ အနေနဲ့ လူလိမ်၊ လူလိမ် အော်တမန်ဆိုပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးပြီးတင်ခဲ့ပါတယ်။
Open AI ကိုတည်ထောင်ဖို့အတွက် ၂၀၁၅ လောက်က အီလွန်မက်စ်က အော်တမန်တို့နဲ့တွဲပြီး သုတေသနလုပ်ဖို့ ကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြုတ်နှံဖူးပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပြီးနောက် ၂၀၁၈ မှာ မက်စ်က အဲ့ဒိအဖွဲ့ကနေ ထွက်လိုက်တာပါ။ အဲ့ဒိအချိန်ကတည်းက Open AI နဲ့ပတ်သက်ပြီး မက်စ်က ကျယ်ကျယ်လောင်လောင်ဝေဖန်မှုတွေကို လုပ်ခဲ့ပါတယ်။ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေက နည်းပညာပိုင်းဆိုင်ရာ တွေကို မိုက်ခရိုဆော့ နဲ့ပဲ လုပ်ကိုင်ခဲ့ပါတယ်။
၂၀၁၄ မက်လမှာတော့ အမြတ်အစွန်းသက်သက်ကိုသာကြည့်ပြီး လူသားမျိုးနွယ်ကို လမ်းလွဲစေတယ်လို့ဆိုကာ Open AI ကို မက်စ်က တရားစွဲခဲ့ပါတယ်။ အော်တမန်နဲ့ သူ့ရဲ့ ဘုတ်အဖွဲ့ကတော့ သူတို့ကုမ္ပဏီကို အများပိုင်လုပ်ခြင်းဖြင့် အကျိုးအမြတ်တွေက အများပြည်သူအတွက် ဖြစ်တာကြောင့် အမြတ်အစွန်းကို ကြည့်တယ်ဆိုတဲ့ စွတ်စွဲချက်က မှားယွင်းနေကြောင်း၊ ခေတ်တစ်ခေတ်မှာ ပြောင်းလဲလာတဲ့နည်းပညာနဲ့ အဲ့ဒိနည်းပညာတွေကို ထိန်းချုပ်ဖို့က လူသားတွေရဲ့တာဝန်ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်ထုတ် Open AI ကို တရုတ်AI ကုမ္ပဏီတွေက ယှဉ်ပြိုင်နေတာကို ခံနေရပါတယ်။ Deep Seek လို AI ကုမ္ပဏီတွေက ထုတ်လုပ်လိုက်တဲ့ နည်းပညာတွေက Open AI ထက် အများကြီးပိုကောင်းတယ်ဆိုတာကို လူအများက လက်ခံလာနေကြပါတယ်။ သင်္ချာပိုင်းဆိုင်ရာနဲ့ ကုဒ်ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေမှာ Open AI က တရုတ် AI တွေကို လိုက်မမီဘူးလို့ သိရပါတယ်။
REF - RT
#News #MNP #International
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق