ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင်နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်နေသူများအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင်နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်နေသူများအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆ 

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့အရပ်သား ပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်အတွက် ၎င်းတို့နှင့် အယူအဆအမြင်မတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက် သမားများက တုတ်၊ ဓား၊ သေနတ်များ အသုံးပြုကာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများအား တရားဥပဒေမဲ့ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုကဲ့သို့ လုပ်ဆောင်နေခြင်းများရှိရာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင် ဦးစည်သူထွန်း နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်နေသူများအား ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား အားပေးထောက်ခံခြင်းမရှိကြောင်း အကြောင်း ပြကာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မောင်ဖိုးခွား အသက် ၁၄ နှစ်မှာ သေဆုံးခဲ့ပြီး မောင်ကျော်မိုး အသက် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့ရှိ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းစိုင်းသောလုပ်ရပ်ကို လုပ်ဆောင်ခဲ့ သည့် PDF အမည်ခံအကြမ်းဖက်သမားများကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေး ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)