ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ တောင်ငူ-ပျဉ်းမနားလမ်းပိုင်း၌ ရထားလမ်းအဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့်လုပ်ငန်းများအား RBE ရထားဖြင့် လိုက်ပါစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ တောင်ငူ-ပျဉ်းမနားလမ်းပိုင်း၌ ရထားလမ်းအဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့်လုပ်ငန်းများအား RBE ရထားဖြင့် လိုက်ပါစစ်ဆေး




နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပျဉ်းမနားဘူတာမှ RBE ရထားဖြင့် လိုက်ပါ၍ ပျဉ်းမနား - တောင်ငူရထား လမ်းပိုင်း ၅၉ မိုင်အတွင်း ရထားများ အမြန်နှုန်းမြှင့်တင်ပြေးဆွဲ နိုင်ရေးအတွက် သံလမ်းနှင့် တံတားများ အဆင့်မြှင့်တင်နေမှုလုပ်ငန်းခွင်များကို စစ်ဆေးကြည့်ရှုသည်။

ထိုသို့ စစ်ဆေးကြည့်ရှုစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဘူတာအဝင်များ၌ လမ်းလွှဲလမ်းကူးနေရာများတွင် ရထားအရှိန်နှုန်းအားလျှော့ချနေရသည့် အခြေအနေကိုစစ်ဆေး၍ ရထားဖြတ်သန်းမှု ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိုင်နှုန်းတိုးမြှင့် ဖြတ်သန်းနိုင်မည့် ခေတ်မီစိတ်ချ ရသည့် Cast Manganese Steel အမျိုးအစား လမ်းလွှဲလမ်းကူး အသစ်များဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းကို အမြန်ဆုံး စီမံဆောင်ရွက်သွားရေး၊ ရထားတံတားချဉ်းကပ်လမ်းများ၌ ဘေးအန္တရာယ် ပိုမိုကင်းရှင်းစေရေး၊ ကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေး၊ ရထားလမ်းဘေးတစ်လျှောက် ပြန်လည်သိမ်းဆည်းရန် ကျန်ရှိနေသည့် သံလမ်းအဟောင်းများအား ဘူတာများ၌ စနစ်တကျ ရွှေ့ပြောင်းသိမ်းဆည်းရေး၊ ရထားအမြန်နှုန်းမြှင့်တင်နိုင်ရန်အတွက် လိုအပ်နေသော လမ်းခင်းကျောက်များ ဖြည့်တင်းပေးနိုင်ရေး၊ ရထားလမ်းဘေးတစ်လျှောက် သန့်ရှင်းသပ်ရပ်ရေးနှင့် ဘူတာများတွင် ဝန်ထမ်းများ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တာဝန်ထမ်းဆောင်ကြစေရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူဘူတာနှင့် သောင်းတိုင်ကုန်းဘူတာအကြား အဆန်လမ်းတွင် ခပေါင်းသံပေါင်တံတားပေါ်၌ ရထားများ မိုင်နှုန်းတိုးမြှင့် ဖြတ်သန်းနိုင်ရေးအတွက် သစ်သားဇလီဖား အဟောင်းများအစား ခေတ်မီ Synthetic Sleeper အသစ်များဖြင့်လည်းကောင်း၊ မူလ ၇၅ပေါင် သံလမ်းဟောင်းများအစား ပေါင် ၁၀၀ အလေးချိန်ရှိ 50 N သံလမ်းအသစ်များဖြင့်လည်းကောင်း အစားထိုး၍ တံတားပိုမိုကြံ့ခိုင်လာအောင် ကြိုးပမ်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ရှိ မြန်မာ့မီးရထားဝန်ထမ်းများအား နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။  


#News #MNP  

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)