မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ မော်လမြိုင်မြို့တွင် Road Safety Education Training ကို နှစ်ရက်တာပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ မော်လမြိုင်မြို့တွင် Road Safety Education Training ကို နှစ်ရက်တာပြုလုပ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် Road Safety Education Training ကို နှစ်ရက်တာပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ သိရသည်။

အဆိုပါ Road Safety Education Training ကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ နှစ်ရက်တာပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီအသင်းဝင် ၃၀ တက်ရောက်ကြကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနက ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူမှုကူညီရေးအသင်းအဖွဲ့များအား စာတွေ့ လက်တွေ့ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။


ASH

#MNP #News #RedCross

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)