ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မုံရွာမြို့နယ်မှပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်မှုနှင့် Unique ID ထုတ်ပေးနေမှု ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မုံရွာမြို့နယ်မှပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်မှုနှင့် Unique ID ထုတ်ပေးနေမှု ကြည့်ရှုအားပေး



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မုံရွာမြို့ ချင်းတွင်းခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လစဉ်ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အာဟာရဖြည့်စွက်စာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးပြီး အငြိမ်းစားဝန်ထမ်း ၈၀၀ ကျော်အတွက် အာဟာရဖြည့်စွက်စာကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် မုံရွာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် အထွေထွေကျန်းမာရေး စစ်ဆေးကုသပေးနေမှုနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း ဖူဆယ်အားကစားရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမုံရွာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်နေမှုနှင့် နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်း One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယနေ့အထိမုံရွာမြို့နယ်မှ ဒေသခံပြည်သူ ၃၃၀ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူကာ Unique ID ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။


#News #MNP 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)