Pages

Pages

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့အား သီးခြားစီတွေ့ဆုံ




ဂျကာတာ၊ မတ် ၁၃

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား ၁၂-၃-၂၀၂၅ ရက် တွင် လည်းကောင်း၊ အာဆီယံ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်အား ၁၁-၃-၂၀၂၅ ရက်တွင်လည်းကောင်း အသီးသီး သွားရောက်တွေ့ဆုံခဲ့သည်။ 

မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ်၊ မေလတွင် ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေးနှင့် ဒေသတွင်းပေါင်းစည်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ ကြသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံဒုတိယအတွင်းရေးမှုးချုပ်တို့ တွေ့ဆုံစဉ် မြန်မာ နိုင်ငံရှိ အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာန (ASEAN Institute for Green Economy-AIGE) တည်ထောင်ရေးနှင့် ပြန်လည်လုပ်ငန်းလည်ပတ်ရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး AIGE  ဗဟိုဌာန အပြည့်အဝလုပ်ငန်းလည်ပတ်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment