မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်စရိတ်ငွေ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်စရိတ်ငွေ ပေးအပ်




မကွေး ၊ မေ ၂၉


မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်စရိတ်ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက နိုင်ငံတော်အနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာ စာရေးကိရိယာ၊ သင်ရိုးညွှန်းတမ်းစာအုပ်၊ ကျောင်းဝတ်စုံ စသည်တို့ကို အခမဲ့ထောက်ပံ့ပေးနေကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးအနေဖြင့်လည်း တိုင်းအတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၏ သား၊ သမီးများကို မိမိနှင့် တိုင်းဒေသကြီးဥပဒေအရာရှိတို့က မတည်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် KG အဆင့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်စရိတ်ငွေအဖြစ် ယခုလို ပံ့ပိုးကူညီပေးအပ်ခြင်းဖြစ်ကြောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် KG အဆင့် ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းဖြင့် ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က ပညာသင်စရိတ်ငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် တိုင်းဒေသကြီး ဥပဒေအရာရှိတို့က အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃ ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦး ၊ KG အဆင့် ကျောင်းသား၊ကျောင်းသူ ၆ ဦး၊ မူကြိုအဆင့် ကျောင်းသား၊ ကျောင်းသူ ၁ ဦး စုစုပေါင်း ကျောင်းသား၊  ကျောင်းသူ (၂၄ ) ဦးအတွက် ငွေကျပ် (၁၂) သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်ခိုင်မင်း 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)