ကိုယ့်သမီးကို ကိုယ်ပြန်ရောင်းစားတဲ့ အမေကို ထောင်ဒဏ်တစ်သက် ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုယ့်သမီးကို ကိုယ်ပြန်ရောင်းစားတဲ့ အမေကို ထောင်ဒဏ်တစ်သက် ချမှတ်


မေ - ၃၀ ( သောကြာနေ့ ) 

ခြောက်နှစ်အရွယ် ဂျိုစလင်စမစ် ကို ပြန်ပေးဆွဲပြီး လူကုန်ကူးခဲ့သူ သုံးဦးကို ကြာသပတေးနေ့တွင် ရာဇ၀တ်မှု များအတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သော်လည်း ကလေးမလေးအား ရှာဖွေမှု ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် သူမ၏ နေအိမ်မှ ပျောက်ဆုံးသွားချိန်မှစ၍ ဂျိုစလင်းကို လိုက်လံ ခြေရာခံတာ အစအနပါပျောက်နေပါတယ်။ နောက်ပိုင်း ဆက်လက်စုံးစမ်းမှုတွေကို ဆက်တိုက်လုပ်ရာမှာတော့ သူမကို ဒေသသုံးငွေ ၂ သောင်း ( ကန်ဒေါ်လာ ၁၀၀၀ကျော် ) ဖြင့် ရောင်းချခဲ့တယ်လို့ သိလိုက်ရပါတယ်။ 

ဂျိုစလင်ရဲ့ မိခင်၊ အဲ့ဒိမိန်းမရဲ့ ရီးစားနဲ့ သူငယ်ချင်း တို့က ကလေးမလေးကို ရောင်းစားလိုက်တယ် ဆိုတာကို ဖော်ထုတ်ခဲ့ပြီးနောက် ယခုလအစောပိုင်းတွင် ဗဟိုတရားရုံးက  အပြစ်ရှိကြောင်းတွေ့ရှိခဲ့ သဖြင့် ကြာသပတေး နေ့က ၎င်းတို့အား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ပြန်ပေးဆွဲမှုအတွက် ၁၀ နှစ် ချမှတ်ခဲ့ ပါတယ်။ အယူခံဝင်လို့ ရတယ်လို့ တရားရုံးက ခွင့်ပြုခဲ့ပေမဲ့ သူတို့အနေနဲ့ ပြစ်မှုမကျူးလွန်ကြောင်း ဘာသက်သေမှ မပြနိုင်ခဲ့ပါဘူး။ 

တရားရုံး ထုတ်ပြန်ချက်တွင် ဝက်စ်ကိတ်ပ် ပြည်နယ်ရဲကော်မရှင်နာ ဒုတိယဗိုလ်ချုပ်ကြီး က အမှုတွင်ပါဝင်ပတ်သက်နေသည့် အရာရှိများ၊ စုံထောက်များနှင့် အထူးကျွမ်းကျင်သူအားလုံးကို ချီးမွမ်းခဲ့ပါတယ်။ "ခင်ဗျားတို့ကို ရာထူးခန့်ထားမှုက ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးရဲ့ အကောင်းဆုံးကို ထင်ဟပ်နေပြီး တရားမျှတမှုကို စောင့်ဆိုင်းနေတဲ့ မိသားစုတွေဆီ မျှော်လင့်ချက်တွေ ယူဆောင်လာမှာပါ" လို့ ပါရှိပါတယ်။ 

“ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေဟာ ဂျိုစလင်း စမစ် ရဲ့ မိသားစုနဲ့အတူ ကျန်ရှိနေခဲ့ပါတယ်။ တရားမျှတမှု အောင်မြင်ကြောင်း သိလိုက်ရလို့ နှစ်သိမ့်မှု တစ်စုံတစ်ရာ ရနိုင်ပါစေ” လို့  ဆုတောင်းပါတယ်လို့ လည်း ဆိုပါတယ်။ ရဲတပ်ဖွဲ့က တော့ ဂျိုးစလင်းလေးကို ရှာဖွေမှု ရပ်တန့်လိုက်မှာ မဟုတ်သလို အမှုကိုလည်း ပိတ်လိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဂျိုးစလင်ရဲ့ ခေါင်းကိုင်မိခင်ကတော့ တရားရုံးမှာ တရားခံတွေ ပါးစပ်ပိတ်ထားနေတာနဲ့ ပတ်သက်ပြီး သူတို့ကြောင့် မိသားစုတွေကို နာကျင်စေပါတယ်လို့ ဆိုသွားပါတယ်။ 

"သူတို့ကို တစ်ခုခုပြောဖို့ အခွင့်အရေးပေးထားပါတယ်၊ ကျွန်တော်တို့ကို ရှာတွေ့အောင် ကူညီပေးနိုင်မယ့် အရာတွေ ရှိပေမယ့် ဘာမှမပြောဘူး။ မိခင်ဖြစ်တဲ့သူ က မျက်ရည်တောင်မကျဘူး။ ကူညီချင်ရင် သူတို့ အခွင့်အရေး ရပါလိမ့်မယ်။ အဲဒီအခွင့်အရေးက အခုတော့ ဆုံးသွားပါပြီ၊ အခု တစ်နေ့တော့ ငါတို့ သူ့ကို ရှာတွေ့မယ်လို့ မျှော်လင့်တယ်။"လို့ ရဲတွေက ပြောသွားပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)