အိန္ဒိယတွေက သတင်းမှားတွေ ဖြန့်နေတယ်လို့ ဘင်ဂလား အကြီးအကဲဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယတွေက သတင်းမှားတွေ ဖြန့်နေတယ်လို့ ဘင်ဂလား အကြီးအကဲဆို


မေ _ ၂၉ ( ကြာသပတေးနေ့) 

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ အကြံပေး အကြီးအကဲ မိုဟာမက် ယူနွတ်စ်က အိန္ဒိယ မီဒီယာများသည် ၎င်း ရဲ့ အစိုးရ နှင့် စစ်တပ်ကြား အကွဲအပြဲ နှင့် ပတ်သက်၍ “မှားယွင်းပြီး လှည့်ဖြားသော ဝါဒဖြန့်မှုများ” လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

အင်္ဂါနေ့က ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုတွင် Yunus က မီဒီယာအစီရင်ခံချက်များကို “လုံးဝ မမှန်ကန်ကြောင်းနှင့် တာဝန်မဲ့မှု”တွေ လုပ်နေတယ်လို့ ရေးတင်ခဲ့ပါတယ်။ “သူတို့ရဲ့ သတင်းနဲ့ ဆောင်းပါးတွေက ဘင်္ဂလားဒေ့ရှ်ရဲ့ အသွင်ကူးပြောင်းရေးခေါင်းဆောင်မှုကို တရားမဝင်ဖြစ်စေဖို့ ရည်ရွယ်တဲ့ အိန္ဒိယလက်ယာယိမ်းမီဒီယာ အပိုင်းတွေကနေ ဖြန့်နေတာပါ။  မဟုတ်မမှန်လုပ်ကြံ လှုံ့ဆော်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ”လို့ ၎င်းက ရေးသားခဲ့ပါတယ်။ 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ် ဦးဆောင်သော ကြားဖြတ်အစိုးရသည် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ရက်သတ္တပတ်များစွာကြာ ပြင်းထန်စွာ ဆန္ဒပြပြီးနောက် သူမက ရာထူးမှ နုတ်ထွက်ခဲ့ရပါတယ်။ ကြားဖြတ်အစိုးရက ယမန်နှစ် သြဂုတ်လတွင် အာဏာရလာခဲ့ပါတယ်။ အဲ့ဒိအချိန်ကစပြီး ဟာဆီနာက အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်ကာ နေထိုင်ခဲ့ပါတယ်။ 

ယူနွတ်စ်သည် အိန္ဒိယမီဒီယာများကို “မမှန်မကန်သတင်းဖြန့်ခြင်း” တွေ လုပ်နေတယ်လို့ စွပ်စွဲနေချိန်တွင် အိန္ဒိယမီဒီယာများက သူနှင့်စစ်တပ်ကြားတွင် ကြီးထွားလာသော အကွဲအပြဲများရှိနေကြောင်းနှင့် နိုင်ငံတွင်းနိုင်ငံရေးပါတီများကြား အကွဲအပြဲများကို မီဒီယာများ၏ နိုင်ငံတကာသတင်းများတွင် ကနဦးထုတ်ဝေခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပရန် နှောင့်နှေးမှုအပေါ် မကျေမနပ် ဖြစ်နေကြောင်း သတင်းစာများတွင် ဖော်ပြထားပါတယ်။

ယူနွတ်စ်ကတော့ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဦးစွာ လိုအပ်နေသောကြောင့် ၂၀၂၆ ခုနှစ်တွင်လည်း ရွေးကောက်ပွဲများ ကျင်းပနိုင်မှာ မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။ ကြားဖြတ်အစိုးရ နဲ့ စစ်တပ် ကြား တင်းမာမှုများသည် ပြီးခဲ့သည့် သီတင်းပတ်က ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။ 

ဒေးလီးစတား သတင်းဌာနရဲ့ သတင်းများအရ   ဗိုလိချုပ်ကြီး ဝိတ်ကာ က ဒါကာမြို့ အဆင့်မြင့်အရာရှိများ အစည်းအဝေးတွင် "ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံရေးတည်ငြိမ်မှု လိုအပ်ပါတယ်။ အဲ့ဒါကို ရွေးကောက်ခံအစိုးရ ကပဲ လုပ်နိုင်မှာပါ။ ရွေးကောက်ခံမဟုတ်ဘဲ နိုင်ငံရေး ဆုံးဖြတ်ချက်ချသူများက နိုင်ငံတော်တည်ငြိမ်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး” လို့ပြောသွားပါတယ်။ 

ရွေးကောက်ပွဲမကျင်းပမီ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်တစ်ခု အဆင်ပြေချောမွေ့စေရန် ကြားဖြတ်အစိုးရ၏ ကြိုးပမ်းမှုကို စစ်တပ်က ဆန့်ကျင်ကြောင်း သတင်းရထားပါတယ်။  

“စင်္ကြံကရှိတော့မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာအာဏာကို ညှိနှိုင်းလို့ မရပါဘူး”လို့ ဝိတ်ကာ ဆိုပါတယ်။ “ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံရေး အစိုးရ ကသာ ဒီလို ဆုံးဖြတ်ချက်တွေ ချနိုင်တယ်”လို့ ၎င်းက ဆိုပါတယ်။ အဆိုပါ စီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်တဲ့ မှတ်ချက်ပေးသူများ၏ ပြောကြားချက်အရ သိရပါတယ်။ 


REF: RT          

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)