ကိုယ့်ကိုယ်ကို သေကြောင်းကြံခွင့်ကို ပြင်သစ်လွှတ်တော်က ခွင့်ပြုလိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုယ့်ကိုယ်ကို သေကြောင်းကြံခွင့်ကို ပြင်သစ်လွှတ်တော်က ခွင့်ပြုလိုက်ပြီ


မေ - ၃၀ ( သောကြာနေ့ ) 

ပြင်သစ်နိုင်ငံ အောက်လွှတ်တော်က အသက်အရွယ်ကြီးရင့်ပြီး ရောဂါဝေဒနာ သည်းထန်နေတဲ့ သူတွေကို သတ်သေခွင့်ပေးတဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ အဲ့ဒိဥပဒေနဲ့ ပတ်သက်ပြီးပြင်သစ်နိုင်ငံလို ကစ်သလစ်ဘာသာသာကို အယူအစွဲကြီးတဲ့ နိုင်ငံမှာ လူပြောသူပြောများပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

အမျိုးသားညီလာခံက ၃၀၅မဲ မှာ ထောက်ခံမဲ ၁၉၉ မဲရရှိခဲ့ပြီး သမ္မတ အမ္မာနျူရာယ် မာခရွန်  ကိုယ်တိုင်က ထောက်ခံခဲ့ပါတယ်။ ယခု ဥပဒေကြမ်းကို အထက်လွှတ်တော်တင်သွင်းထားပြီး အောက်လွှတ်တော်မှာ ဒုတိယအကြိမ် ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။ ထောက်ခံသူများရဲ့ အဆိုအရ အဲ့ဒိဥပဒေက  ၂၀၂၇ တွင် ဥပဒေဖြစ်လာလိမ့် မယ်လို့ သိရပါတယ်။ 

ပြင်သစ်နိုင်ငံက လက်ရှိအခြေအနေမှာ မသေခင် ငြိမ်းချမ်းစွာ အသက်ထွက်ဖို့အတွက် ဆေးထိုးပြီး အသက်ရုပ်သိမ်းခြင်းလို့ခေါ်တဲ့ စနစ်ကို ခွင့်ပြုထားပါတယ်။ လက်ရှိပြဌန်းဖို့လုပ်နေတဲ့ ဥပဒေမှာက လူနာတစ်ယောက်အနေနဲ့ ရောဂါသည်းထန်လို့ ဆေးထိုး သတ်သေခြင်းကို တောင်းပိုင်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။ အဲ့လိုသတ်သေတဲ့ နေရာမှာ ကိုယ့်ဖာသာကိုယ် သတ်သေခွင့်ရှိသလို ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု မရှိပါက ဆရာဝန် ( သို့မဟုတ်) သူနာပြုတွေရဲ့ အကူအညီကို တောင်းပိုင်ခွင့် ရှိတယ်လို့လည်း ဆိုထားပါတယ်။

ပြင်သစ်နိုင်ငံသားဖြစ်ရမယ်၊ အသက် ၁၈ နှစ်အထက်ဖြစ်ရမယ်၊ ပြင်းထန်တဲ့ ရောဒါဝေဒနာကို ခံစားနေရတဲ့ သူလည်းဖြစ်ရမယ်ဆိုတဲ့ အချက်အလက်တွေလည်း ပါဝင်ပါတယ်။ အဲ့ဒိထဲမှာ စိတ်ရောဂါဝေဒနာရှင်များနဲ့ အယ်ဇိုင်းမား ရောဂါသည်များကိုမူ သေစေတတ်တဲ့ ဆေးဝါးတောင်းဆိုခွင့်ကို ခွင့်မပြုထားပါဘူး။ 

ကိုယ့်ကိုယ်ကို သတ်သေခွင့် တောင်းဆိုသူများကို ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ စောင့်ကြည့်မှာဖြစ်ပြီး အဲ့ဒိအဖွဲ့ရဲ့ သဘောတူခွင့်ပြုချက်နဲ့ အိမ်မှာ ဒါမှမဟုတ် ဆေးရုံမှာ သောက်ဆေး သို့ ထိုးဆေးကို လက်ခံရမှာဖြစ်ပါတယ်။ 

အစိုးရက အဆိုပါဥပဒေမူကြမ်းအား “ဖျားနာသူများနှင့် ဝေဒနာခံစားရသူများအား ထောက်ပံ့ရန် လိုအပ်မှုအပေါ် ကျင့်ဝတ်ဆိုင်ရာ တုံ့ပြန်မှုတစ်ခု” ဟုဖော်ပြထားပြီး ၎င်းသည် “အခွင့်အရေးအသစ်မဟုတ်သလို လွတ်လပ်မှုလည်းမဟုတ်… လေးစားမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကြား ချိန်ခွင်လျှာမျှသာဖြစ်သည်” ဟု ဖော်ပြထားပါတယ်။ သမ္မတ မာခရွန်က အဆိုပါမဲများကို ဘဝအဆုံးသတ်စောင့်ရှောက်မှုအတွက် ပိုမိုလူသားဆန်သော ချဉ်းကပ်မှုဆီသို့ "အရေးကြီးသောခြေလှမ်း" အဖြစ် ချီးကျူးခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)