တရုတ်လူငယ်စွန့်ဦးတီထွင်သူများ ညီလာခံကို သမ္မတရှီကျင့်ဖျင် သဝဏ်လွှာပေးပို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်လူငယ်စွန့်ဦးတီထွင်သူများ ညီလာခံကို သမ္မတရှီကျင့်ဖျင် သဝဏ်လွှာပေးပို့


မေ - ၃၀ ( သောကြာနေ့ ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် က အင်္ဂါနေ့တွင် ပေကျင်း၌ပြုလုပ်ခဲ့သော လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တရုတ်လူငယ်စွန့်ဦးတီထွင်သူများ (CYP) ရဲ့  ကိုးကြိမ်မြောက် အမျိုးသားညီလာခံသို့ ဝမ်းမြောက်ကြောင်း စသဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ပါတယ်။  

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သည့် ရှီက CYP အဖွဲ့ အနေဖြင့် တရုတ်နိုင်ငံရဲ့ ဝိသေသလက္ခဏာများနှင့် ဆိုရှယ်လစ်စနစ်အတွက် အရည်အချင်းပြည့်မီသော တည်ဆောက်သူများကို ပြုစုပျိုးထောင်သင့်ကြောင်း သဝဏ်လွှာတွင် အလေးပေးပြောကြားခဲ့ပါတယ်။ 

နိုင်ငံတကာကလေးများနေ့ နီးကပ်လာသည်နှင့်အမျှ ရှီသည် နိုင်ငံတစ်ဝှမ်းရှိ ကလေးငယ်များအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ကလေးများသည် ခိုင်မာသောနိုင်ငံတည်ဆောက်ရေးနှင့် တရုတ်နိုင်ငံကို ပြန်လည်နုပျိုစေသည့် အနာဂတ်အင်အားကို ကိုယ်စားပြုကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

ပါတီနှင့် တိုင်းပြည်ကို ချစ်မြတ်နိုးသော ခေတ်သစ်လူငယ် စံပြလူငယ်များ ဖြစ်လာစေရန် အသိပညာပေး လမ်းညွှန်ကြရန်ကိုလည်း CYP အား တိုက်တွန်း နှိုးဆော်ထားပါတယ်။ 

ညီလာခံဖွင့်ပွဲကို CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ အတွင်းရေးမှူးရုံးအဖွဲ့ဝင် ကိုင်ကျီ တက်ရောက်ခဲ့ပါတယ်။  CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရှီတိုင်ဖန်သည် ညီလာခံတွင် ရှီ၏သဝဏ်လွှာကို ဖတ်ကြားကာ ရှီကျင့်ဖျင်၏ သွန်သင်ချက်များကို စိတ်ထဲတွင် စွဲစွဲမြဲမြဲ ထားရန် CYP အဖွဲ့ဝင်များအား ခိုင်ခံ့သောနိုင်ငံတည်ဆောက်ရေးနှင့် တရုတ်လူမျိုး ပြန်လည်ရှင်သန်ရေးတို့အတွက် ကြီးမားသောအထောက်အပံဖြစ်စေရန် အသင့်ရှိနေရန် တိုက်တွန်းခဲ့ပါတယ်။ ညီလာခံကို လူပေါင်း ၃၀၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ 


REF: CGTN

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)