ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စုနှင့် မရမ်းအနောက်ကျေးရွာအုပ်စုတို့၌ မိုးသည်း ထန်ခြင်း၊ လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေမြှင့်တက်မှုကြောင့် လူနေအိမ်များပြိုကျ ပျက်စီးမှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စုနှင့် မရမ်းအနောက်ကျေးရွာအုပ်စုတို့၌ မိုးသည်း ထန်ခြင်း၊ လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေမြှင့်တက်မှုကြောင့် လူနေအိမ်များပြိုကျ ပျက်စီးမှုဖြစ်ပွား





ဒေးဒရဲ၊ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စုရှိ တော်ချိုက်ကျေးရွာ၊ တော်ပေါင်စိန်ကျေးရွာနှင့် မရမ်းအနောက်ကျေးရွာအုပ်စု၊ ဥသြလမ်းကျေးရွာတို့တွင် ယမန်နေ့ ညနေ(၅)နာရီကျော်အချိန်၌ မိုးသည်းထန်စွာ ရွာသွန်း၍လေပြင်း တိုက်ခတ်မှု၊ ပင်လယ်ဒီရေ​​မြှင့်တက်လာမှုတို့ကြောင့် လူနေအိမ် (၂၉)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေမြှင့်တက်လာခြင်းတို့ကြောင့် တော်ချိုက်ကျေးရွာအုပ်စု၊ တော်ချိုက်ကျေးရွာနှင့် တော်ပေါင်စိန်ကျေးရွာတို့ရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ် (၁၄)လုံးနှင့် မရမ်းအနောက်ကျေးရွာအုပ်စု၊ ဥသြလမ်းကျေးရွာရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ် (၁၅)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရပြီး သဘာဝဘေးအန္တရာယ်များကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် မိသားစုများအား နီးစပ်ရာ ဆွေမျိုးများနှင့် စိတ်ချလုံခြုံရာ အဆောက်အဦများ၌ ခေတ္တပြောင်းရွှေ့နေထိုင်နိုင်ရန် တာဝန်ရှိသူများ ဆောင်ရွက်လျက်ရှိပြီး ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် မိသားစုဝင်များဝင်များအား ကူညီထောက်ပံ့နိုင်ရေး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါပြိုကျပျက်စီးမှုများကြောင့် လူနှင့်တိရိစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)