အင်းလေးဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းလေးဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်



ညောင်ရွှေ  ၊ မေ ၃၀

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ သာသနိကအဆောက် အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ထိခိုက်ဆုံးရှုံးခဲ့သည့် အင်းလေးဒေသအတွင်း နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုများနှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ၊ လုပ်အားဒါနရှင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းမှုအားဖြင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ရောဂါဝေဒနာရှင်များအတွက်၊ ယာယီဆေးရုံများ ဖွင့်လှစ်ခြင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ အဆောက်အအုံ အပျက်အစီးများ စနစ်တကျရှင်းလင်းခြင်းနှင့် တည့်မတ်ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း လူနေအိမ်ခြေပေါင်း (၂၈၉၂)အိမ် ထိခိုက်ပျက်စီးခဲ့ပြီး အပျက်အစီးရှင်းလင်းဖယ်ရှားပြီးစီးမှု (၁၉၃၁)အိမ်၊ တည့်မတ်ပြုပြင်ပြီးစီးမှု (၅၉၅)အိမ်၊ အသစ်ပြန်လည်တည်ဆောက်ပြီးစီးမှု (၈၀၃)အိမ်ရှိ၍ ကျန်ရှိနေသေးသည့် နေအိမ်များအမြန်ဆုံး ရှင်းလင်းဖယ်ရှား၊ တည့်မတ်ပြုပြင်ရေးနှင့် အသစ်တည်ဆောက်ပြီးစီးရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)