ပြည်၊ မေ ၃၀
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို လှုပ်ရှားမှုအဖြစ် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းဘေး၌ စုပေါင်းအမှိုက်ကောက်ခြင်းကို ၂၈-၅-၂၀၂၅ ရက်နေ့က ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်မြို့နယ် စည်ပင်သာရေးအဖွဲ့နှင့် ပြည်မြို့ ရက်ရာဇာအမှိုက်သိမ်းဝန်ဆောင်မှုအဖွဲ့တို့ပါဝင်သည့် စုပေါင်းအင်အား ၆၃ ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပူးပေါင်းအဖွဲ့က ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် သောင်ခုံများပေါ်၌ စွန့်ပစ်ပစ္စည်းအမှိုက်သရိုက်များနှင့် ပလတ်စတစ်အမှိုက်များကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုပပျောက်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး လူထုလှုပ်ရှားမှု အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق