မင်းလှ၊ မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို မေလ ၂၇ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမှုံက တောင်သူလယ်သမားများအနေဖြင့် သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီ ပြေကျေစွာပေးဆပ်ပြီးနောက် ချေးငွေရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံဖြိုးရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ကာလရှည်ကြာစွာ အတူလက်တွဲဆောင်ရွက်ကြရန်နှင့် ချေးငွေများထုတ်ယူရာတွင် လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမှုံနှင့်ဝန်ထမ်းများက ကျေးရွာအုပ်စုပေါင်း (၅၆)အုပ်စုမှ မိုးစပါးစိုက်ပျိုးစရိတ် အစောဆုံးအကျေပေးဆပ်နိုင်သည့် သာယာကုန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၁၄၂)ဦး၏ ဧကပေါင်း(၁၀၃၄)ဧကအတွက် တစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် ငွေကျပ် (၁၅၅၁၀၀၀၀၀) သိန်းအား ထုတ်ချေးပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးယူမည့် တောင်သူ(၇၈၀၀)ဦး၏ စပါးစိုက်ဧကပေါင်း (၅၇၀၀၀)ဧကမှ တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၈၅၅၀၀)သိန်းအား စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပေါက်စ (မင်းလှ)
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق