နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသား တောင်သူများအား အထွက်တိုးမျိုးစပါးများ ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသား တောင်သူများအား အထွက်တိုးမျိုးစပါးများ ထောက်ပံ့


တိုက်ကြီး၊ မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်တိုးမျိုး စပါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက တော်လတီ ကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က နိုင်ငံတော်မှ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးကူညီမှုဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ စပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများကို သမဝါယမကဏ္ဍမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး အသင်းသူ၊ အသင်းသား တောင်သူများအနေဖြင့် စပါးအထွက်နှုန်းတိုးရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအုန်းထွန်းက စပါးအထွက်နှုန်း ကောင်းမွန်စေရေး မျိုးကောင်းမျိုးသန့်စပါးများကို ရွေးချယ်စိုက်ပျိုးစေလိုကြောင်း၊ ကြဲပက် စိုက်ပျိုးစနစ်မှ Seeder စနစ်ကို ပြောင်းလဲကျင့်သုံးစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးပြီး တောင်သူများ ဝင်ငွေတိုးပွားလာကာ လူမှုစီးပွားဘဝမြင့်မားလာခြင်းနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့် တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးဧက ၂၆၄၀ ဧကအတွက် GW-11၊ ဗီယက်နမ်၊ ဆာဖိုးသာ၊ ထိုင်းနှံကောက် အထွက်နှုန်းကောင်း မျိုးစပါးများအား အသင်းသားများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 


ဝတ်ရည်(တိုက်ကြီး)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)