တောင်အာဖရိကမှာ အအေးလှိုင်းဖြတ်ပြီး နှင်းတွေ ထူထပ်စွာကျဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်အာဖရိကမှာ အအေးလှိုင်းဖြတ်ပြီး နှင်းတွေ ထူထပ်စွာကျဆင်း


ဇွန် - ၁၅ ( တနင်္ဂနွေနေ့ ) 

တောင်အာဖရိက နိုင်ငံတစ်ဝှမ်းတွင် အအေးလှိုင်းကျရောက်ပြီးနောက် ဆီးနှင်းများ ထူထပ်စွာကျဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် အေးခဲသောမိုးရွာခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြင်းထန်သော ရာသီဥတုကြောင့် မီးပျက်ခြင်း၊ အဝေးပြေးလမ်းများ ပိတ်ဆို့ခြင်းနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက တောင်အာဖရိကမှာ ဖြစ်ပေါ်နေခဲ့တာပါ။ ပြင်းထန်တဲ့ ရာသီဥတုစနစ်ကို တုံ့ပြန်တဲ့အနေနဲ့ ကိပ်အရှေ့ပိုင်း ပြည်နယ်အစိုးရဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွေဖွဲ့ပြီး လုပ်ငန်းတွေ စတင်လုပ်ဆောင်ကြောင်း ကြေညာခဲ့ပါတယ်။

ပြင်းထန်သောဆီးနှင်းများ ကျဆင်းမှုကြောင့် ကဝါဇူလူး နာတယ် မြို့တွင် လမ်းများကို သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကိုလည်း ပိတ်ထားရပါတယ်။ အချို့သော အဆောက်အဦများတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါတယ်။ 

ကိုကစတက်မြို့ နဲ့ ရှက်ပ်စတုန်း ဆိပ်ကမ်း အနီးရှိ N2 အဝေးပြေးလမ်းမကြီးအား ပိတ်ပစ်ခဲ့ရပါတယ်။ သယ်ယူပို့ဆောင်ရေး နှင့် လူသားအခြေချနေထိုင်ရေး လွှတ်တော်ကော်မတီအဖွဲ့က လမ်းသမားများနှင့် ယာဉ်ထိန်းအာဏာပိုင်များ၏ လျင်မြန်သောလုပ်ဆောင်မှုကို ချီးကျူးခဲ့ပြီး ၃၀ စင်တီမီတာ ( ၁ ပေ) အထက် နှင်းများစုပုံလာခြင်းကို တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကိတ်ပ်အရှေ့ပိုင်း တွင် ရေမြင့်တက်မှုကြောင့် ကလေးငယ် သုံးဦးသည် သစ်ပင်တွင် သောင်တင်နေခဲ့တာကြောင့် အန္တရာယ်များသော အခြေအနေအတွက် အရေးပေါ်ဝန်ဆောင်မှုများကလည်း တုံ့ပြန်ခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ၃ ယောက်စလုံးကို အောင်မြင်စွာ ဆယ်ယူနိုင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက အတည်ပြုခဲ့ပါတယ်။ 

အာဏါပိုင်တွေကတော့ ဒေသခံများအား တောင်ထူထပ်သော ဒေသများနှင့် ရေလွှမ်းမိုးမှု များသော ဇုန်များကို ဖြတ်၍ မလိုအပ်ဘဲ ခရီးသွားခြင်းကို ရှောင်ကြဉ်ရန် ပြည်သူများအား သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်အားပြတ်တောက်မှု၊ လမ်းများပိတ်ဆို့ခြင်း သို့မဟုတ် အခြားအန္တရာယ်များဖြစ်ပေါ်လာပါက ဒေသဆိုင်ရာ အာဏာပိုင်များထံ ချက်ချင်းသတင်းပို့ရန် ပြည်သူများအား တောင်းဆိုထားပါတယ်။ 

လျှပ်စစ်မီး သုံးစွဲသူ ၃၀၀,၀၀၀ ခန့် ဓာတ်အားရရှိမှု ပြတ်တောက်ခဲ့ရပြီး နောက်ထပ် ၁ပတ်ကျော်အထိ ရာသီဥတုပြန်ကောင်းလာဖွယ်ရာ မရှိသေးဘူးလို့ မိုးလေဝသဌာနက ကြေညာထားပါတယ်။ တောင်အာဖရိကရဲ့ အဓိကဆောင်းရာသီသည် မေလမှ သြဂုတ်လအထိဖြစ်ပြီး အပူချိန် 0°C (32°F) အောက်တွင် ကျဆင်းနေသဖြင့် ဆီးနှင်းများ ပုံမှန်အားဖြင့် ဇွန်လမှ သြဂုတ်လအထိ ကျဆင်းပါတယ်။ နွေရာသီသည် နိုဝင်ဘာလတွင် စတင်ပါတယ်။  ရာသီဥတု ဖောက်ပြန်မှုနှင့် ဆက်နွယ်သည့် မိုးသည်းထန်စွာရွာသွန်းမှု ပိုများလာတယ်လို့ သိပ္ပံပညာရှင်များက ယူဆထားပြီး နောက်ဆက်တွဲ ပုံမှန်ရေကြီးရေလျှံမှုကိုလည်း ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ 


REF: RT             

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)