ဒက်ချ် အစိုးရ ပြိုကွဲသွားပါပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒက်ချ် အစိုးရ ပြိုကွဲသွားပါပြီ


ဇွန် - ၄ ( ဗုဒ္ဓဟူးနေ့ ) 

ညွန့်ပေါင်း အစိုးရနဲ့ ဖွဲ့ထားတဲ့ ဒက်ချ် ( နယ်သာလန် ) အစိုးရ အဖွဲ့ထဲက လက်ယာစွန်းဝါဒီ ခေါင်းဆောင် ဂီရက်ဝိုင်ဒါ ဦးဆောင်တဲ့ PVVပါတီက နှုတ်ထွက်သွားတဲ့အတွက် လက်ရှိ ဒက်ချ် အစိုးရအဖွဲ့ က ပြိုကွဲသွားပြီ ဖြစ်ပါတယ်။ 

ဝိုင်ဒါက သူ့ရဲ့ အိုင်ဒီယာတွေကို တင်ပြတဲ့နေရာမှာ ညွှန့်ပေါင်း အစိုးရအဖွဲ့ဝင်တွေက စိတ်မဝင်စားတဲ့အတွက် အစိုးရ အဖွဲ့ က နှုတ်ထွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူက နယ်စပ်ဒေသ ကာကွယ်ရေး နဲ့ ပတ်သက်ပြီး နယ်စပ်မှတိုင်းပြည်အတွင်းသို့ ဝင်ရောက်နေတဲ့ နိုင်ငံရေး ခိုလှုံခွင့်တောင်းသူတွေကို ဥပဒေ တင်းကြပ်စွာနဲ့ လက်ခံဖို့အတွက် တင်ပြတာနဲ့ ပတ်သက်ပြီး ညွှန့်ပေါင်း အစိုးရက စိတ်မဝင်စားခဲ့တာပါ။ 

နယ်သာလန် နယ်စပ်ကို ရောက်ရှိနေတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းနေသူ အစုလိုက်အပြုံလိုက်ကို စစ်တပ်သုံးပြီး မောင်းနှင်ထုတ်ဖို့နဲ့ နောက်ထပ် ခိုလှုံခွင့်တွေ မပြုဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ 


REF: REUTER

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)