Pages

Pages

ကြံခင်းမြို့နယ်စာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆိုလျက်ရှိ






ကြံခင်း၊ ဇွန်  ၄ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ရွှေညောင်ပင်ကျောင်း တိုက် စာဖြေဌာန၊ ပညာဆီးမီးဓမ္မာရုံတွင် ယနေ့ မွန်းတည့် ၁၂ နာရီက အစိုးရပါဠိပထမပြန် စာမေးပွဲ အား စတင်ဖြေဆိုလျက်ရှိသည်။

ရှေးဦးစွာ ကြံခင်းမြို့နယ် ကျောင်းတိုက်အသီးသီးနှင့် ဘုန်းတော်ကြီးကျောင်းများမှ စာမေးပွဲ ကြီးကြပ် ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရွှေညောင်ပင်ကျောင်းတိုက်၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို မွန်းတည့် ၁၂ နာရီအချိန်မှစတင်၍ ဖြေဆိုကြရာ ပထမကြီးတန်း (ဒွေးမာ တိကာ/ဓမ္မပဒ) ဘာသာရပ်အား သံဃာတော် ၃ ပါး၊ ပထမလတ်တန်း (ဒွေးမာတိကာ/ဓမ္မပဒ) ဘာသာရပ် အား သံဃာတော် ၄ ပါး၊ ပထမငယ်တန်း (ဘိက္ခုပါတိမောက်/ဓမ္မပဒ)ဘာသာရပ်အား သံဃာတော် ၇ ပါး၊  အခြေပြုမူလတန်း (ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ) ဘာသာရပ်အား သံဃာတော် ၇ ပါး စုစုပေါင်း ၂၁ တို့ဝင်ရောက်ဖြေဆိုလျက်ရှိပြီး  စာဖြေသံဃာ စာရင်းရှိ ၃၂ ပါး၊ ဝင်ရောက်ဖြေဆိုသံဃာ ၂၁ ပါး ပျက်ကွက် ၁၁ ပါး ရှိကြောင်း မြို့နယ်စာစစ်ဌာနမှ သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား ဇွန်လ ၄ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ   ကျင်းပသွားမည်ဖြစ်ကာ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်ပါဠိပထမပြန် စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် မြို့မိမြို့ဖများက သံဃာတော်အရှင်သူမြတ်များ အေးချမ်းစွာဖြေဆိုနိုင်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနှင့် တိုင်းရင်းဆေးပညာဦးစီး ဌာန တို့က အနီးကပ်ဆောင်ရွက်ပေးလျက်သည်။ ထိုသို့ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များ ဆွမ်းအဟာရဘောစဉ် အဆင်ပြေစေရေးအတွက် အလှူရှင်းများက စာမေးပွဲ ကာလအတွင်း နေ့ဆွမ်း၊ အချိုပွဲနှင့် အချိုရည်များ လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။ 


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment