Pages

Pages

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ ဆွမ်းစားကျောင်းဆောင်သစ် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်





မြောင်းမြ၊ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်သာသနာ့နယ်မြေ၌ (၁၂၀ ၅၀) RC ၂ ထပ်ဆွမ်းစားကျောင်းဆောင်သစ် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက အုတ်မြစ်တော်စီမင်္ဂလာအား ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အလှူငွေပေးအပ်ပွဲအခမ်းအနားအား စတင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မင်ဝင်းက အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၅၀၀၀) ကျပ်အား လက်ခံရယူခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဇေယျာ (မြောင်းမြ)

https://t.me/MyanmarNationalPost

No comments:

Post a Comment