မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သွင်းကုန်နှင့် ပို့ကုန်အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သွင်းကုန်နှင့် ပို့ကုန်အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး





နန်နင်း၊ ဇူလိုင် ၆

 နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် နှစ်နိုင်ငံအကြား အကောက်ခွန်လုပ်ငန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက် နန်နင်းအကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် Mr. Wang Weibing အား ၄-၇-၂၀၂၅ ရက်နေ့၊ နံနက် (၀၉၀၀)နာရီတွင် နန်နင်းအကောက်ခွန်ဦးစီးဌာနသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်ဖက်အကြား နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံသည် ဂုဏ်ထူး ဆောင်နိုင်ငံဖြစ်သည့်အလျောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သွင်းကုန်နှင့် ပို့ကုန်အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံနှင့် တရုတ်နိုင်ငံ အကြား တိရစ္ဆာန်နှင့် အပင်ပိုးမွှားကင်းရှင်းရေး၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှု စာချွန်လွှာအကောင်အထည်ဖော်နေမှုများနှင့် ဆက်လက်ချဲ့ထွင်ဆောင်ရွက်နိုင်မည့် အလားအလာများကို အပြန်အလှန် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)