Pages

Pages

လာအိုနိုင်ငံမှ အာဆီယံအကြီးဆုံး လေအားလျှပ်စစ်စီမံကိန်းကနေ စွမ်းအင်တွေ စရောင်းပြီ


ဩဂုတ် - ၃၀ (စနေနေ့ )

အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်တဲ့ လာအိုနိုင်ငံတောင်ပိုင်းရှိ မုတ်သုံလေအားလျှပ်စစ်စီမံကိန်းသည် ယခုအခါ စတင်လည်ပတ်နေပြီး သန့်ရှင်းသောစွမ်းအင်ကို နယ်စပ်ဖြတ်ကျော်ကာ ဗီယက်နမ်သို့ ပို့ဆောင်ပေးလျက်ရှိနေပါတယ်။ 

အဲ့ဒိ ၆၀၀မဂ္ဂါဝပ် ပရောဂျက်ကို ၂၀၂၅ ဩဂုတ်လ ၂၂ ရက်နေ့တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် စွမ်းအင်တွေကို စတင်ရောင်းချနေပါတယ်။ အာရှတွင် ပထမဆုံးသော နယ်စပ်ဖြတ်ကျော် ရောင်းချတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းဖြစ်လာကြောင်း ဗီယင်ကျန်းတိုင်းမ်သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

အခြေချနေထိုင်သူတွေကို လုံးဝရွှေ့ပြောင်းပေးရခြင်း မရှိဘဲ လေရဟတ်တွေကို တပ်ဆင်ရာ ၂၇ လအတွင်း အပြီးသတ်နိုင်ခဲ့ပါတယ်။ လာအိုတောင်ပိုင်းတောင်တန်းများမှ ဗီယက်နမ်နိုင်ငံသို့ စီးဆင်းနေပြီး ဒေသတွင်း စွမ်းအင်လုံခြုံရေးကို အားကောင်းစေကာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးပါတယ်။ နိုင်ငံအချင်းချင်း  ပူးပေါင်းလုပ်ဆောင်မှုဖြစ်တာကြောင့် အာဆီယံလျှပ်စစ်ဓာတ်အားလို့ ခေါ်တဲ့ အရာကို စတင်နိုင်ခဲ့ပါတယ်။ 

အက်တာပူပြည်နယ် ဆန်ဇေးခရိုင်တို့ကို ဖြတ်၍ တောင်ကြောများမှာ လေတိုက်နှုန်းအားကောင်ပြီး တည်ငြိမ်တာကြောင့်  လေအားလျှပ်စစ် တာဘိုင် ၁၃၃ လုံး တပ်ဆင်ပြီး လည်ပတ်စေတာပါ။ 


REF: The nation

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق