အကျင့်ပျက်ခြားစားမှု အရှုပ်တော်ပုံကြောင့် အာဂျင်တီးနား သမ္မတ ပုံရိပ်ကျဆင်းနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကျင့်ပျက်ခြားစားမှု အရှုပ်တော်ပုံကြောင့် အာဂျင်တီးနား သမ္မတ ပုံရိပ်ကျဆင်းနေ


ဩဂုတ် -၃၀ (စနေနေ့ ) 

အာဂျင်တီးနားသမ္မတ ရာထူးကိုလက်ခံယူပြီးနောက်ပိုင်းမှာ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေနဲ့ လုံးပန်းနေရတဲ့ သမ္မတ ဇေဗီယာမိုင်လိုင် နဲ့ပတ်သက်ပြီး အွန်လိုင်းစစ်တမ်းကောက်ယူတဲ့နေရာမှာ သူ့ကို ထောက်ခံသူ ပမာဏက ၄၀ % အောက်သို့ ထိုးကျသွားပါတယ်။ 

သမ္မတရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ် ညီမလည်းတော်စပ်တဲ့ ကာရီနာမိုင်လိုင်ရဲ့ လာဘ်ပေးလာဘ်ယူ လုပ်မှုတွေက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အွန်လိုင်းပေါ်မှာ ဟိုးတလေးကျော်ကျော် ဖြစ်နေတဲ့အတွက်ကြောင့် သမ္မတရဲ့ ပုံရိပ်ကျဆင်းသွားတာလို့ အာဂျင်တီးနား နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။ သမ္မတက သူ့ရဲ့ ညီမ အထွေထွေ အတွင်းရေးမှူး ကို ကျနော့်ရဲ့ဘော့စ် လို့ ခေါ်ပါတယ်။ 

အာဂျင်တီးနားအတိုင်ပင်ခံကုမ္ပဏီ ထရီပန်တိုဇီးရိုး ရဲ့ ယခုသီတင်းပတ်တွင် ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုမှာ အရှုပ်တော်ပုံများအပြီးတွင် သမ္မတအား ထောက်ခံမှုအဆင့်မှာ သိသိသာသာ ကျဆင်းသွားသည်ကို ပြသခဲ့ပါတယ်။ ဇူလိုင်လတုန်းက အာဂျင်တီးနားနိုင်ငံသား ၄၈ ရာခိုင်နှုန်းက မိုင်လိုင် အစိုးရကို အကောင်းမြင်နေကြပါသေးတယ်။ နောက်သုံးပတ်အကြာမှာတော့ အဆိုပါ အရေအတွက်က ၃၉.၈% သို့ ကျဆင်းသွားခဲ့ပြီး ၅၇% က သမ္မတကို အယုံအကြည်မရှိဘူးလို့ ဆိုပါတယ်။ 

အဂတိလိုက်စားမှုက အာဂျင်တီးနားအတွက် ထိပ်တန်းစိုးရိမ်စရာအဖြစ် ၄၄.၅ ရာခိုင်နှုန်း၊ ဆင်းရဲမွဲတေမှု ၁၆.၁ ရာခိုင်နှုန်းနှင့် မလုံခြုံမှု ၁၃.၂ ရာခိုင်နှုန်းတို့ထက် ကျော်လွန်နေကြောင်း အစီရင်ခံစာမှာ တွေ့ရပါတယ်။ ရလဒ်များသည် သမ္မတမိုင်လိုင်ရဲ့ မဲဆွယ်စည်းရုံးမှု၏ အဓိကအချက်ကို ထိခိုက်လာစေပါတယ်။ 

မိုင်လိုင်က အမျိုးသား မသန်စွမ်းသူများ အေဂျင်စီ၏ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် သူ့ရှေ့နေ က လာဘ်ပေးလာဘ်ယူ တောင်းခံမှုများ ရည်ညွှန်းတဲ့ အသံဖိုင်များ ပေါက်ကြားပြီးနောက် မိုင်လိုင်ရဲ့ ပုံရိပ် လုံးဝ ထိခိုက်သွားပါတယ်။ အဆိုပါ မှတ်တမ်းများတွင် အေဂျင်စီ၏ ဆေးဝါးဝယ်ယူမှုတွင် လာဘ်ပေးလာဘ်ယူမှု အစီအစဉ်တစ်ရပ်ကို ညွှန်ပြထားပြီး စာချုပ်များ၏ ၈ % သည် ထိပ်တန်းလက်ထောက် တစ်ဦးဖြစ်တဲ့ ၎င်း၏ညီမအပါအဝင် သမ္မတနဲ့ နီးစပ်တဲ့ အရာရှိများထံ တရားမဝင်ငွေပေးချေမှုများအတွက် ဖယ်ထားတယ်လို့ ပါရှိပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)