နိုင်ငံရေးအဆုံးအဖြတ်ဟာ ပြည်သူတွေလက်ထဲမှာရှိပြီး မှားခဲ့တာကြောင့် ဒုက္ခသုတ်ခတွေ အများကြီးခံရပြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးအဆုံးအဖြတ်ဟာ ပြည်သူတွေလက်ထဲမှာရှိပြီး မှားခဲ့တာကြောင့် ဒုက္ခသုတ်ခတွေ အများကြီးခံရပြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ပြော





ပျော်ဘွယ် ၊ သြဂုတ် ၃၁

ပျော်ဘွယ်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး လစဉ်ပုံမှန် တစ်လတစ်ကြိမ် ပါတီဝင်တွေနဲ့ တွေဆုံချိန် ယမန်နေ့က အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး က နိုင်ငံရေးအဆုံးအဖြတ်ဟာ ပြည်သူတွေလက်ထဲမှာရှိပြီး မှားခဲ့တာကြောင့် ဒုက္ခသုတ်ခတွေ အများကြီးခံရပြီးဖြစ်ကြောင်း ထည့်သွင်းပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို ကျော်လွှားပြီး နိုင်ငံသစ်တည်ဆောက်နိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ဘက်မလိုက်ပဲ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်ဖို့ လိုအပ်နေပြီလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက “ဖြစ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဟိုလူမဲဆွယ်ရင်ပါသွားလိုက် ဒီလူမဲဆွယ်ရင်ပါသွားလိုက် ဆိုတဲ့ ဟိုယိမ်းဒီယိမ်းမဖြစ်သင့်တော့ဘူး၊ ကျွန်တော်တို့ မျက်နှာမူရမှာက နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက်ပဲ။ ပြည်သူတွေနဲ့ ဒီတိုင်းပြည်ကြီးအတွက်ပဲ မျက်နှာမူရမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့ပေးတဲ့ မဲတစ်ချပ် ခင်ဗျားတို့ရဲ့ သူငယ်ချင်းမိတ်တွေပေးတဲ့ မဲတစ်ချပ်က အဲဒီအဆုံးအဖြတ်ကိုသွားမှာဖြစ်တယ်” လို့  ပြောပါတယ်။   

ပြီးခဲ့တဲ့ ၂၀၁၀အထွေထွေရွေးကောက်ပွဲ ၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်ပြီး ကျွန်တော်တို့တတွေ မှန်မှန်ကန်ကန်နဲ့ ရွေးချယ်မပေးနိုင်သရွေ့ တိုင်းပြည်ဟာ ဘယ်လိုနည်းနဲ့မှ ရှေ့ကို ရွေ့မသွားနိုင်ဘူးလို့ ဆိုပါတယ်။

“ဒီတစ်ချိန်မှာတော့ ကျွန်တော်တို့တတွေ မိမိရရဆုပ်ကိုင်ပြီးတော့ တိုင်းပြည်ကို တစ်ကယ်ပိုင်ပိုင်နိုင်နိုင် ဖြူဖြူစင်စင် ရိုးရိုးသားသားနဲ့ ဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို ကျော်လွှားနိုင်တဲ့ အနေအထားကို တည်ဆောက်ကြဖို့လိုတယ်။ ဒီလိုတည်ဆောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့တွေ ဘက်မလိုက်ပဲနဲ့ ရွေးဖို့လိုပြီလို့ ပြောချင်ပါတယ်” လို့ ဦးသောင်းအေးက ပြောပါတယ်။ 

ပျော်ဘွယ်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးမှာ လစဉ်ပုံမှန် တစ်လတစ်ကြိမ် ပါတီဝင်တွေနဲ့ တွေဆုံချိန်မှာ အထက်ပါအတိုင်းပြောဆိုလိုက်တာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားကို ပါတီဝင်အင်အား သုံးရာကျော်တက်ရောက်ခဲ့ပါတယ်။ 

ဒီ့အပြင် နိုင်ငံရေးအဆုံးအဖြတ်ဟာ ပြည်သူတွေလက်ထဲမှာရှိပြီး မှားသွားလို့ မရဘူးလို့ ဆိုပါတယ်။ မှားခဲ့တာကြောင့် ဒုက္ခသုတ်ခတွေ အများကြီးခံရပြီးဖြစ်တယ်လို့ ပြောပါတယ်။ 

“ဖြစ်ပျက်ခဲ့တာတွေ ခင်ဗျားတို့ ကျွန်တော်တို့ သိပါတယ်။ တော်တော်ကိုလည်း ကိုယ်တိုင်ကြုံခဲ့ကြပြီဖြစ်ပါတယ်” လို့ ပါတီဝင်တွေကို ဦးသောင်းအေးက ပြောပါတယ်။


https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)