မင်းဘူးခရိုင်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာ ပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာ ပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေနွေး







မင်းဘူး၊ ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ မကြာမီအချိန်ကာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင် အစည်း‌အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ချောစုရည်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပါတီကိုယ်စားလှယ်လောင်းများ စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းဆောင်ရွက်ရေး ကိစ္စရပ်များ မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)၏ လုပ်ငန်းလုပ်ဆောင်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး တက်ရောက်လာသော သက်ဆိုင်ရာပါတီဝင်များမှ ရွေးကောက်ပွဲဆိုင်ရာ ဆောရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် မေးမြန်းတင်ပြချက်များအပေါ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)