Pages

Pages

ဖျာပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးအပ်




ဖျာပုံ ဩဂုတ် ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ ဖျာပုံခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊  တောင်သူများအင်အား (၂၅၀) ဦးခန့် တက်ရောက်ကြပြီး ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက နိုင်ငံတော်အနေဖြင့်၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား သွင်းအားစုစရိတ်နည်းပါးစေရေးအတွက် ယခုကဲ့သို့ ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးခြင်းဖြစ်သည့်အတွက် တောင်သူများအနေဖြင့် သွင်းအားစုများအား အကျိုးရှိစွာ အချိန်ကိုက်အချိုးကျ ထည့်သွင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။


ထို့နောက် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး၊ ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော ကျေးရွာအုပ်စုများမှ မိုးစပါးစိုက်ပျိုးတောင်သူ (၁၁၄၄) ဦးအား awba ယူရီးယားဓာတ်မြေသြဇာ (၄၁၀၇၁) အိတ်၊ awba ကွန်ပေါင်း (၃၃၉၀) အိတ်နှင့် MGM ကွန်ပေါင်း (၂၀၀၀) အိတ်၊ စုစုပေါင်း ယူရီးယားဓာတ်မြေဩဇာနှင့် ကွန်ပေါင်း (၄၆၄၆၁) အိတ်အား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။


အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق