လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းကောင်စီအသင်းလိုက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ (ဗိုလ်လုပွဲ)နှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းကောင်စီအသင်းလိုက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ (ဗိုလ်လုပွဲ)နှင့် ဆုချီးမြှင့်ပွဲကျင်းပ




လှည်းကူး ၊  ဩဂုတ် ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းကောင်စီအသင်းလိုက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ(ဗိုလ်လုပွဲ)နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ(၃:၀၀)နာရီက လှည်းကူးမြို့နယ် အားကစားကွင်း၌ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးခင်ဇော်၊ ဘောလုံးနည်းပြ ဦးသိန်းလင်းအောင်နှင့် ဧည့်သည်တော်များ၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး၊ ကျောင်းကောင်စီအသင်းဝင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။


အဆိုပါဘောလုံးပြိုင်ပွဲ(ဗိုလ်လုပွဲ)ကို ဘုရင့်နောင်အသင်းနှင့် အလောင်းဘုရားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အလောင်းဘုရားအသင်းမှ ဘုရင့်နောင်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ဆုရရှိသည့် အလောင်းဘုရားအသင်း အားကစားသမားများကို လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


အေးအေးနွဲ့ (လှည်းကူး)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)