Pages

Pages

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်စာမေးပွဲတွင် ကြံခင်းမြို့နယ်အတွင်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ ၅၃ ဦး၊ သင်ပြထူးချွန် ဆရာ၊ ဆရာမ ၅၀ ဦးနှင့် ထူးချွန်အောင်မြင်စွမ်းဆောင်ပေးခဲ့ကြသော ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်











ကြံခင်း၊ ဩဂုတ်   ၃၁

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်စာမေးပွဲတွင် ကြံခင်းမြို့နယ်အတွင်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ပြထူးချွန် ဆရာ၊ ဆရာမများနှင့် ထူးချွန် အောင်မြင်စွမ်းဆောင်ပေးခဲ့ကြသော ကျောင်းများအား ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌  ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက “မြတ်သောပညာသီချင်း” ဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး  မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဌေးဌေးတို့က အသီးသီး ဂုဏ်ပြုချီးမြှင့်စကားများပြောကြားကြသည်။ ဆက်လက်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက် ရေးအသင်း(MYDA) ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်ဆန်းဝင်းက မြန်မာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တစ်ဖက် တစ်လမ်းမှ ဝိုင်းဝန်းကူညီ၍ ဂုဏ်ပြုချီးမြှင့်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်ပြောကြားပြီး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မြို့နယ်ပညာရေးမှူး ဆရာမကြီးအား ဧရာဝတီတိုင်း ဒေသကြီးတွင် တိုင်းအဆင့် ပထမဆုရရှိသည့် ဂုဏ်ပြုမှတ်တမ်းလွှာအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဝိဇ္ဇာတွဲဘာသာရပ်တွင် နိုင်ငံတော်အဆင့်တွင် အဆင့် (၆)ရရှိသူအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းက လည်းကောင်း၊ သိပ္ပံဘာသာရပ်တွင် တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိသူအား ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်အောင်ဝင်းက လည်းကောင်း၊ (၆)ဘာသာဂုဏ်ထူး ရရှိသူ (၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၄)ဦး၊ (၃)ဘာသာဂုဏ်ထူး ရရှိသူ (၁၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁၂)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရရှိသူ (၂၄)ဦးတို့အား တစ်ဘာသာ ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ သင်ပြထူးချွန် ဆရာ၊ ဆရာမများနှင့် ထူးချွန်အောင်မြင် အောင်နှင့် တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသော ကျောင်းများ အား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ အလှူရှင် များက စုစုပေါင်းဆုချီးမြှင့်ငွေကျပ် တန်ဖိုး ၇,၈၄၀,၀၀၀/- ရှိ ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို အသီးသီးပေးအပ်ကြသည်။ 

ဆက်လက်၍  သိပ္ပံဘာသာရပ်တွင် တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိသော (၆)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသူ မနန်းစံပယ်ဖြူက ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် အထက(၂) ကျောင်းသား၊ ကျောင်းသူ များက “အနာဂတ်လူရည်မွန်” သီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းနားတွင် ပါဝင်ကူညီ သီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အခမ်းအနားမှူးများအား တာဝန်ရှိသူများ က ဂုဏ်ပြုငွေများပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားကို  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ထူးချွန်ဆုရရှိကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق