ကလောမြို့နယ်၌ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ကျင်းပ

 


ကလော  ၊ ဩဂုတ် ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေ ချေးသမဝါယမအသင်း(လီမိတက်) ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) သဘာပတိက အဖွင့်အမှာစကား‌ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိကိုယ်စား ဦးစီးမှူး ဒေါ်ညိမ်းညိမ်းအိက အသင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းက သမဝါယမဥပ​​​​‌ဒေ၊ နည်းဥပ​ဒေများဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏၂၀၂၄ -၂၀၂၅ ခုနှစ်အတွက် တာဝန်ရှိသူများက အမှုဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သဘာပတိကအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး စာရင်းရှင်းတမ်း၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ အသင်းအမှု‌ဆောင်၏ တင်ပြမှုအမှာစာများကို အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ကျော်ဝင်း(ကလော)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)