ပွင့်ဖြူမြို့၌ ဈေးဆိုင်လုပ်ငန်းရှင်များ နေရာကျူးကျော်၍ ဈေးရောင်းချခြင်း မရှိစေရေး စစ်ဆေးအသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့၌ ဈေးဆိုင်လုပ်ငန်းရှင်များ နေရာကျူးကျော်၍ ဈေးရောင်းချခြင်း မရှိစေရေး စစ်ဆေးအသိပညာပေး

 



ပွင့်ဖြူ  ၊ ဩဂုတ် ၃၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရှိ လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် နေအိမ်များမှ ကျူးကျော်၍ ဈေးရောင်းချခြင်း မရှိစေရေးနှင့် မိမိတို့ဈေးဆိုင်အတွင်း၌သာ  စနစ်တကျ ခင်းကျင်းရောင်းချစေရေး ယမန်နေ့က စစ်ဆေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့ ဗိုလ်ချုပ်လမ်း၊ ချယ်ရီလမ်းနှင့် ဒေလီရာလမ်းတစ်လျှောက် လမ်းဘေး (ဝဲ၊ ယာ) ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဈေးရောင်းချရာ၌ နေအိမ်များမှ ကျူးကျော်၍ ဈေးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့ဆိုင်အတွင်း၌သာ စနစ်တကျ ခင်းကျင်းရောင်းချကြရန်၊ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ပုံးများထားရှိပြီး စွန့်ပစ်အမှိုက်များကို အမျိုးအစားများခွဲခြား၍ စနစ်တကျစွန့်ပစ်ကြရန် အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ 


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)