ဗြိတိန်မှာ ဂျူးအသိုင်းအဝိုင်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း ပါတီခေါင်းဆောင်တစ်ယောက် ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗြိတိန်မှာ ဂျူးအသိုင်းအဝိုင်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း ပါတီခေါင်းဆောင်တစ်ယောက် ဆို


အောက်တိုဘာ - ၇ ( အင်္ဂါနေ့ ) 

ဗြိတိန်ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ကီမီဘာဒန်နော့ က ဂါဇာမှာ အစ္စရေးရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့ တက်ကြွလှုပ်ရှားသူများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး သူတို့ရဲ့ စုဝေးမှုများကို “အမုန်းတရားပွဲတော်များ” လို့ ကင်ပွန်းတပ်ခဲ့ပြီး ဂျူးလူမျိုးများအပေါ် အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်နေတယ်လို့ ဆိုပါတယ်။ 

တနင်္ဂနွေနေ့က မန်ချက်စတာမြို့၌ ကျင်းပသော ကွန်ဆာဗေးတစ်ပါတီညီလာခံမှာ ဘာဒန်နော့ က  ဂျူးဘာသာကိုးကွယ်သူနှစ်ဦး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ်အပြီး ရက်ပိုင်းအကြာတွင် သူ့မရဲ့ မှတ်ချက်စကားများကို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 

"ကြောက်မက်ဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းသော" အဖြစ်အပျက်က " ကျမတို့ အားလုံးအပေါ် တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။ ကျမတို့ရဲ့ လူသားဆန်မှုနှင့် လွတ်လပ်မှု၊ ကရုဏာနှင့် လေးစားမှုတို့၏ တန်ဖိုးများ" ကို တိုက်ခိုက်သွားတာပါ လို့ ပြောခဲ့ပါတယ်။ 

ဗြိတိန်နိုင်ငံ၏ ဂျူးအသိုက်အဝန်း အတိုက်ခိုက်ခံလိုက်ရတာက ပြည်တွင်း အစွန်းရောက်ဝါဒကို အချိန်တော်ကြာတဲ့အထိ မစစ်ဆေးရသေးတာကြောင့် တိုက်ခိုက်မှုမှာ အံ့အားသင့်စရာမဟုတ်ကြောင်း သူမက ပြောကြားခဲ့ပါတယ်။ “ကျမတို့မြို့တွေ လမ်းမတွေပေါ်မှာ ရှက်စရာကောင်းတဲ့ အပြုအမူတွေ ပေါ်လွင်နေတာ တွေ့ရတယ်။ တကယ်တော့ ဂျူးတွေရဲ့ မွေးရပ်မြေကို ဦးတည်တဲ့ အမုန်းပွားတဲ့ ဆန္ဒပြပွဲတွေပါပဲ” လို့ သူမက ဆိုပါတယ်။ 

ဂျူးဘုရားကျောင်းတိုက်ခိုက်ခံရမှုကြောင့် အစ္စရေးဆန္ဒပြပွဲတွေကို ရွှေ့ဆိုင်းဖို့ ရဲနှင့် ဝန်ကြီးချုပ်တို့က တောင်းဆိုခဲ့ပေမဲ့ လန်ဒန်မြို့လယ်ရှိ ပါလက်စတိုင်းလိုလားသော အဓိကဆန္ဒပြပွဲတွေ ဆက်ဖြစ်နေလို့ လူ ၅၀၀ နီးပါးကို တနင်္ဂနွေနေ့က ထိန်းသိမ်းလိုက်ပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၆၇,၀၀၀ ကျော် သေဆုံးပြီး ၁၇၀,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။  


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)