အမေရိကားမှာ ထရမ့်ဆန့်ကျင်ရေး လှုတ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကားမှာ ထရမ့်ဆန့်ကျင်ရေး လှုတ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာ


အောက်တိုဘာ - ၁၉ ( တနင်္ဂနွေနေ့ ) 

အမေရိကန်တစ်ဝှမ်းရှိ လူအုပ်ကြီးများက သမ္မတဒေါ်နယ်ထရန့်၏ မူဝါဒများကို ကန့်ကွက်ရန်အတွက် 'ဘုရင်မရှိဘူး' ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်စွဲပြီး စနေနေ့က စုဝေးခဲ့ကြပါတယ်။

မြို့တော် ဝါရှင်တန်ဒီစီရဲ့ လွှတ်တော်ရုံး အပြင်ဘက်၊ နယူးယောက်ခ်မြို့ က တိုင်းမ်စကွဲရား ရင်ပြင် စတဲ့ နေရာတွေအပြင် ချီကာဂို၊ လော့စ်အိန်ဂျလိစ်၊ မိုင်ယာမီနဲ့ အော်စတင်မြို့တွေမှာလည်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်ပြည်နယ် ၅၀လုံးမှာ ဆန္ဒပြမှုပေါင်း ၂၇၀၀ အထိရှိအောင်ကို စီစဉ်ပြီး ပြခဲ့ကြတာပါ။  

ထရမ့်က အာဏာအလွဲသုံးစားလုပ်ကာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းမှုအား ရှုတ်ချကာ “ဘုရင်မရှိ၊ အာဏာရှင်မရှိ” နှင့် “ဘုရင်မဟုတ်တဲ့ အုပ်ချုပ်သူတွေကိုပဲ သစ္စာခံမယ်လို့ ကတိပြုကြောင်း” စာတမ်းပါ ပိုစတာများကို ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြပါတယ်။ ရာဇဝတ်မှုများကို တိုက်ခိုက်ရန် အကြောင်းပြပြီး မြို့အများအပြားတွင် အမျိုးသားအစောင့်တပ်ချထားရန် ထမ့်အမိန့်ပေးခဲ့တာကိုလည်း ဆန္ဒပြသမားတွေက မနှစ်သက်ကြောင်း ပြောခဲ့ပါတယ်။ 

"သမ္မတကိုကြည့်ရတာ သူ့ရဲ့အုပ်ချုပ်မှုဟာ အကြွင်းမဲ့အာဏါလို့ ထင်မြင်နေပုံရပါတယ်။ ဒါပေမဲ့ အမေရိကမှာ ဘုရင်တွေမရှိဘူး၊ ဒါပေမဲ့ ကျနော်တို့က  ပရမ်းပတာ၊ အကျင့်ပျက်ခြစားမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဆီကို ရောက်အောင်တော့ နောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး” လို့  ပွဲစီစဉ်သူများက 'No Kings' ဝဘ်ဆိုဒ်တွင် ပြောကြားခဲ့ပါတယ်။ 

ရီပတ်ဘလီကန်များကတော့ အဲ့ဒိလှုပ်ရှားမှုတွေကို အစွန်းရောက်အုပ်စုတွေက တွန်းအားပေးနေကြတာလို့ ဆိုပါတယ်။ “မနေ့က လုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေက အမေရိကန်ကို မုန်းတီးလာအောင် လှုံ့ဆော်နေတဲ့ လှုပ်ရှားမှုတွေလို့ပဲ မြင်ပါတယ်။ အဲ့ဒိလူတွေကို လိုက်မေးကြည့် ဟားမတ်စ် အကြမ်းဖက်သမား‌တွေကို ထောက်ခံတဲ့သူတွေ၊ ဂျူးဝါဒကိုမုန်းတီးနေတဲ့သူတွေ၊ ကွန်မြူနစ်ဝါဒကို ကြိုက်နေတဲ့ သူတွေကို ခင်ဗျားတို့ တွေ့ရလိမ့်မယ်”လို့  အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)