ကြံခင်းမြို့ရှိ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဖွင့်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့ရှိ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဖွင့်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



ကြံခင်း၊ အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ကြံခင်း-ဆိပ်သာ-အကောက်တောင် ကားလမ်းပေါ်ရှိ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဖွင့်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာသီရိ ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မုခ်ဦးတည်ဆောက်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က အကောက်တောင်မုခ်ဦးကြီး အောင်မြင်စွာဖွင့်လှစ်နိုင်ရေး မြို့မိ၊ မိဖများ၊ ကော်မတီအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ဆောင်ရွက်နိုင်ရန်အတွက် ယခုလို အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြာင်း၊ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးဖြစ်မြောက်ရေးကော်မတီများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး၊ မြေသန့်ပရိတ်တရားနာယူခြင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင်  အပြီးသတ်ဆောင်ရွက်နိုင်သဖြင့် ၁၁ လခန့်ကြာမြင့်ခဲ့ရပါကြောင်း၊ မုခ်ဦးကြီးဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ (၇) ရက်သားသမီးများ၏ အလှူထည့်ဝင်ငွေများဖြင့် တည်ဆောက်ရတဲ့အတွက် ကြံခင်းမြို့၏ ကြက်သရေမင်္ဂလာအပေါင်းဖြင့် ပြည်စုံပြီး မြို့အင်္ဂါရပ်နှင့်အညီ ခန့်ညားထယ်ဝါ လျက်ရှိပါကြောင်း၊ မုခ်ဦးကြီးအောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် မြို့မိ၊ မိဖများ၊ ကော်မတီအဖွဲ့ဝင် များက ဝိုင်းဝန်းကူညီကာ အကြံအဉာဏ်ကောင်းများဖြင့် ဆွေးနွေး ပေးစေလိုပါကြောင်းပြောကြား ခဲ့သည်။ ဆက်လက်၍ မုခ်ဦးတည်ဆောက်ရေးကော်မတီအဖွဲ့ဝင်  ဦးကျော်ကျော်က တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကုန်ကျစရိတ်များ၊ အလှူထည့်ဝင်ငွေများ အသေးစိတ်ရှင်းလင်းပြော ကြားပြီး၊ မုခ်ဦးဖွင့်လှစ်ရာတွင် ဆောင်ရွက်မည့်လျာထားလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများ၊ ကော်မတီအဖွဲ့ဝင် များနှင့် အကောက်တောင်ဘုရား ဂေါပကအဖွဲ့ဝင်များက အသီးသီးဆွေးနွေးခဲ့ကြပြီး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ အဆိုပါ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးကြီးအား အောက်တိုဘာလ ၃၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)