ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဆက်လက်ကျင်းပ









ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင်ဆက်လက်ကျင်းပရာ ပွဲတော်လာပြည်သူလူထုနှင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဖြင့်အထူးစည်းကားလျက်ရှိသည်။

ပြပွဲသို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြပွဲအတွင်းလာရောက်ကြသည့် ပြည်သူများအား စတုဒီတာကျွေးမွေးရေးအတွက် ချက်ပြုတ်နေသည့်

လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးပြီး ဈေးဆိုင်ခန်းများသို့လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါဈေးရောင်းပွဲတော်ကို အောက်တိုဘာလ(၄)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁ဝ) နာရီအထိကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာ အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း (၆၂၀)ခန်းကျော် ခင်းကျင်း ရောင်းချလျက်ရှိပြီး ပွဲတော်ရက်များအတွင်းMSMEနည်းပညာဆိုင်ရာ Talk Show များကျင်းပခြင်း၊ အလှူရှင်များက နေ့စဉ်စတုဒီတာကျွေးမွေးခြင်းများ၊ရုပ်ရှင်၊ သဘင်နှင့်ဂီတနယ်ပယ်မှကျော်ကြားသည့် အနုပညာရှင်များက ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်းသိရသည်။

ထိုပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)