၂၀၂၅ အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံနိုင်ငံ သတင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံနိုင်ငံ သတင်းများ



ပရာဘိုဝီနဲ့ ထရမ့်ကြား ပြောစကားပေါက်ကြားမှုဖြစ်

အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိတ်ခ် တွင် ဂါဇာကမ်းမြှောင် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝီဆူဗြန်တို နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား စကားဝိုင်းပြောဆိုမှုတွေက ပေါက်ကြားသွားတာကြောင့် စကားဝိုင်းက အရေးမပါကြောင်းကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က အဲ့ဒါတွေက အလွတ်သဘောမျိုး ပြောတာပါ၊ တရားဝင်ကိစ္စတွေနဲ့ မသတ်ဆိုင်ပါဘူး လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ( ဂျာကာတာဂလုပ်)

 

ပြည်သူတွေအတွက် အာမခံပါတယ် လို့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနဆို

ဖိလစ်ပိုင်နိုင်ငံ၏ ကျန်းမာရေးဌာန (DOH) က အမျိုးသားမြို့တော်ဒေသ  (NCR) မှ ဆေးရုံများသည် “The Big One” လို့ သိကြတဲ့ ငလျင်ကြီးလှုပ်ခတ်မှုအတွင်း အရေးပေါ်အခြေအနေများအတွက် တုံ့ပြန်ရန် ပြင်ဆင်ထားကြောင်း ပြည်သူများအား မနေ့က  အာမခံခဲ့ပါတယ်။ ( ဖိလစ်ပိုင်သတင်းအေဂျင်စီ) 


စင်ကာပူမှာ လိုင်းကားခတွေ ဈေးတက်မယ်

အရွယ်ရောက်ပြီးသူများသည် ဒီဇင်ဘာ ၂၇ ရက်မှစ၍ အများပိုင်ဘတ်စ်ကားများနှင့် ရထားများအတွက် ကတ်ခနှုန်းထားများအတွက် ခရီးတစ်ကြောင်းလျှင် ၉ ဆင့်မှ ၁၀ ဆင့်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်သူ့သယ်ယူပို့ဆောင်ရေးကောင်စီ (PTC) မှ မနေ့က (အောက်တိုဘာ ၁၄ ရက်) တွင် ကြေညာခဲ့ပါတယ်။ 

(စီအန်အေ ) 


ဆီးဂိမ်းအတွက် ထိုင်းကဲဘိနတ်က ဘတ်ငွေ ၄၅၆ သန်းခွင့်ပြု

လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်မယ့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ( ဆီးဂိမ်း ) နဲ့ အာရှ မသန်မစွမ်း အားကစားပြိုုင်ပွဲတွေအတွက် အာကစားခရီသွားလုပ်ငန်း နဲ့ ထိုင်းနိုင်ငံရဲ့ပုံရိပ်ကို တိုးမြှင့်ပေးနိုင်ရန် ထိုင်း ကဲဘိနက် က ဘတ်ငွေ ၄၅၆ သန်းကို သုံးစွဲခွင့်ပြုလိုက်ပါတယ်။

( သည်နေးရှင်း )


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)