ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ရွေးကောက်ပွဲဝင်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ရွေးကောက်ပွဲဝင်မည်

 




မြစ်ကြီးနား၊ အောက်တိုဘာ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှစ၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးခက်ထိန်နန်သည် လာမည့် ၂၀၂၅၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်လွှတ်တော် FPTP မြစ်ကြီးနားမဲဆန္ဒနယ်မှ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် ပြည်ခိုင်ဖြိုးပါတီ မှ ဦးခက်ထိန်နန်၊ တစည  ပါတီမှ ဒေါ်ခင်ခင်သော်၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးဂေါ်လူနော်တင်၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုးလင်းထွန်း၊ ဦးထွန်းအောင်ကျော် (တစ်သီးပုဂ္ဂလ)၊ ဦးယဉ်ထန်ဖုန် (တစ်သီးပုဂ္ဂလ) တို့ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။


https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)