၂၀၂၅ အောက်တိုဘာ ၁၃ ရက်နေ့ အာဆီယံနိုင်ငံ သတင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ အောက်တိုဘာ ၁၃ ရက်နေ့ အာဆီယံနိုင်ငံ သတင်းများ


အင်ဒိုနီးရှားမှာ ဗဟိုထိန်းချုပ်မှုတွေ များလာလို့ သဘောထားကွဲလွဲမှုများ ဆူပွက်လာ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး ဗဟိုထိန်းချုပ်မှုတွေကို ပိုလုပ်လာြခင်း နဲ့ ဒေသဆိုင်ရာ အပြောင်းအရွှေ့ များကို သိသိသာသာ ဖြတ်တောက်ခြင်းက ပြည်နယ်ခေါင်းဆောင်များအား အနှောက်အယှက်ဖြစ်စေပြီး အဲ့ဒိလျှော့ချမှုများက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကာ ပြည်သူ့ဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အစိုးရဝန်ထမ်းလစာကိုပင် ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး အတွက် သမ္မတ ပရာဘိုဝီ ဆူဗြန်တို ရဲ့ ကတိကဝတ်များနဲ့လည်း ဆန့်ကျင်နေပြီး ဂရုတစိုက် မစီမံပါက နိုင်ငံရေး တင်းမာမှုများကို ဖြစ်ပေါ်စေနိုင်တယ်လို့ နိုင်ငံရေး  ကျွမ်းကျင်သူများက ဆိုလာပါတယ်။ (ဂျကာတာပို့စ် ) 


ဖိလစ်ပိုင်မှာ ငလျင်တွေ ဆက်တိုက်လှုတ်နေသလို မိုးကလည်း ကြီးနေသေး

ဖိလစ်ပိုင်စီဘူးဒေသမှာ ဒီကနေ့မနက်အစောပိုင်းမှာ ပြင်းအား ၅.၈ ငလျင်တစ်ခု ထပ်မံလှုတ်ခတ်သွားပါတယ်။ နောက်ပြီး တစ်နိုင်ငံလုံး နေရာတော်တော်များများမှာ မိုးကြီးနိုင်တဲ့အတွက် အထူးသတိထားကြပါလို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ ( ဖိလစ်ပိုင်သတင်းအေဂျင်စီ)

 

စင်ကာပူမှု ကြိုပွိုင့်နဲ့ ဝယ်လို့ရတဲ့ တိုင်ခန်းတွေကို ဒီလထဲမှာရောင်းမယ်

ကြိုပွိုင့်နဲ့ ဝယ်လိုရတဲ့ တိုက်ခန်းပေါင်း ၃၃၀၀ ကို အောက်တိုဘာလအတွင်းမှာ စတင်ဖွင့်လှစ်ရောင်းချဖွယ်ရာ ရှိနေရာ ဘီဒေါက် ၊ ဆန်ကန် နဲ့ ရှီရှန် မှာ ရှိတဲ့ ပရောဂျက်လေးခုအတွက်ဒီလထဲမှာ အရောင်းဖွင့်မှာပါ။  ငွေသွင်းပြီးသွားတာနဲ့ စောင့်ဆိုင်းမှုကို ၃ နှစ်ထက်နည်းအောင် လုပ်ပေးမယ်လို့ လည်း ဆိုထားပါတယ်။ 

( စထရိတ်တိုင်းမ်)


ပတ္တရားမြို့ တောင်ဘက်လမ်းတွင် ယာဉ်ရပ်နားမှု တားမြစ်ရန် ရဲတပ်ဖွဲ့ ကြိုးပမ်း

ထိုင်းနိုင်ငံ ပတ္တရားရဲတပ်ဖွဲ့သည် တောင်ပတ္တရားလမ်းတွင် ယာဉ်ရပ်နားခွင့် တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်သူများအား ဒဏ်ငွေနှင့် ဘီးသော့ခတ်ခြင်းတို့ကို အောက်တိုဘာ ၁၅ ရက်မှ စတင်ဆောင်ရွက်မယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။  ( သည်နေးရှင်း) 


ထိုင်းမြို့တွေမှာ အမည်ခံမြေဝယ်ထားတာတွေကို ရဲတွေက စစ်ဆေးနေ

ခရီးသွားနေရာများတွင် စီးပွားရေးလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ပြဿနာဖြစ်တဲ့  နိုင်ငံခြားတွေရဲ့အမည်ခံ စီးပွားရေး လုပ်ငန်းတွေနဲ့ မြေယာဝယ်ယူမှုတွေ ကို ခိုစမူအီ ၊ ဆူရတ်သာနီ နဲ့ ခိုဖန်ဂန် ခရိုင်တွေမှာ ဖြစ်ပွားနေတာကို  ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိနေပါတယ်။ (ဘန်ကောက်ပို့စ်)


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)