လုံခြုံရေးတပ်ဖွဲ့ဝင်များက သီပေါမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် ပြည်သူ့ဆေးရုံတို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လုံခြုံရေးတပ်ဖွဲ့ဝင်များက သီပေါမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် ပြည်သူ့ဆေးရုံတို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော်၊ အောက်တိုဘာ ၂၀

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ပြီး ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ သီပေါမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင် ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည် ဆောင်ရွက်ရေး စသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ သီပေါမြို့ နှင့် ၎င်းဒေသတစ်ဝိုက်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကဏ္ဍ ထိခိုက်နစ်နာမှုမရှိစေရန် စာသင်ကျောင်းများ အမြန် ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ အဆင်ပြေချောမွေ့စေ ရန် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့တွင် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူ များ စုပေါင်း၍ သီပေါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် သီပေါမြို့ ပြည်သူ့ဆေးရုံတို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် သီပေါမြို့အတွင်း ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားခြင်းလုပ် ငန်းများဆောင်ရွက်ပေးသည်။

၎င်းအပြင် သီပေါမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင် စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)