ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်




ဖားကန့်၊ အောက်တိုဘာ ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်မည့် မဲရုံအဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မိုးညှင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညွှန့်ဝေက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဖားကန့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမြမင်းမင်းထိုက်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်မည့် မဲရုံအဖွဲ့ဝင်များအား ပါဝင်ပွိုင့်ဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်းတက်ရောက်လာကြသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်မည့် မဲရုံအဖွဲ့ဝင်များအား သင်တန်းနည်းပြများက အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုပုံနည်းအဆင့်ဆင့်တို့ကိုအုပ်စုဖွဲ့၍ လက်တွေ့ပြသသင်တန်းပေးလျက်ရှိရာ ၎င်းသင်တန်းတွင် သင်တန်းသားသင်တန်းသူ စုစုပေါင်း(၁၃၂)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဖားကန့်သား

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)